|
Myanmar Books
Publishers
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
- ပျောက်ဆုံးနေသော ၃၃ (ချီလီသတ္တုတွင်းထဲမှ ၆၉ ရက်ကြာ ငရဲခန်း)
-
-
Author(s):
ရွှေကူမေနှင်း
- Type: Myanmar Books
-
Category:
အတ္ထုပ္ပတ္တိ / ကိုယ်တွေ့မှတ်တမ်း
- No of Pages: 221
- Binding: Paperback
- Publication Month Year: Jun-2012
- Size: 18 cm x 18 cm
|
- Description: Jonathan Franklin ရေးသားသည့် The 33 စာအုပ်ကို ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ ၂ဝ၁ဝ စက်တင်ဘာနှင့် အောက်တိုဘာ ၂ လလုံးလုံး လိပ်သည်းကျောက်မြေဖြစ်သော တောင်ကုန်းအောက် လိုဏ်ခေါင်းများ၌ ပိတ်မိနေခဲ့သော သတ္တုတွင်းလုပ်သား ၃၃ ဦးအား မည်သို့မည်ပုံ ကယ်ဆယ်ခဲ့သည်ကို စိတ်လှုပ်ရှားဖွယ် သည်းထိတ်ရင်ဖို ဖြစ်ဖွယ် မှတ်တမ်းတင် ရေးသားထားသော စာအုပ်ဖြစ်သည်။ သူတို့သည် လုံခြုံစိတ်ချရသော ခေတ်မီသတ္တုတွင်းများ၌ လုပ်ကိုင်ရခြင်းမဟုတ်ဘဲ နည်းပညာ နိမ့်ကျသည့် စွန့်စားမှု အများဆုံး လုပ်ရသော တွင်း၌ လုပ်ရကား သူတို့ အသုံးပြုနေသော နည်းပညာမှာ အီဗရာဟင်လင်ကွန်းခေတ် ကာလီဖိုးနီးနီးယား ရွှေတူးသမားများ အသုံးပြုသည့် နည်းပညာများအဆင့်သာ ရှိသည်ဟုဆိုသည်။ သတ္တုတွင်းများတွင် ကင်းမြီးကောက်များတွေ့ရတတ်ပြီး ၄ဝ ကီလိုဂရမ်လေးသော ကျောက်ထုများက အမိုးပေါ်မှ ပုံမှန်ကျလေ့ရှိသည်။ နံရံကျောက်သားများသည် အလွန်ကြမ်းရှိသဖြင့် နံရံကို လက်ဖြင့် ပွတ်လိုက်လျှင် အရေပြားကို ဘရိတ်ဓားဖြင့် ပွတ်သကဲ့သို့ ခံစားကြရသည်ဟုလည်း ဆိုကြသည်။ ၂ဝ၁ဝ စက်တင်ဘာလက ထိုမိုင်းတွင်းများအနက် တစ်ခုတွင် တောင်ပြိုအက်၍ မိုင်းတွင်းပါ ပြိုကျခဲ့ရာ အထဲ၌ ပိတ်မိနေကြသော မိုင်းတွင်းလုပ်သားများသည် သူတို့နှင့်အတူ ရှိနေသည့် အနည်းငယ်သော အစားအသောက်နှင့်အတူ ၂ လကြာအောင် မည်သို့ အသက်ဆက်ရသည်၊ အပေါ်ရှိ ကယ်ဆယ်ရေးအဖွဲ့များကလည်း မည်သို့ ခက်ခက်ခဲခဲ ကယ်ဆယ်ခဲ့ရသည်၊ ကမ္ဘာ့နိုင်ငံအသီးသီးကလည်း နည်းပညာ၊ ကျွမ်းကျင်ပညာရှင်များလွှတ်ကာ မည်သို့ဆောင်ရွက်ခဲ့ရသည်တို့ကို ဤစာအုပ်တွင် အသေးစိတ် ဖတ်ရှုကြရမည်ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|