|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: H. Field Hall ရေးသားသည့် The Soul of A People စာအုပ်ကို ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ မူရင်းစာရေးသူသည် ကိုလိုနီခေတ်က မြန်မာနိုင်ငံ၏ အစိုးရအုပ်ချုပ်ရေးပိုင်းတွင် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်သည်။ ယခုစာအုပ်မှာ သူ တာဝန်ထမ်းဆောင်ခဲ့သည့် ကာလအတွင်း သူ သိ မြင် ထိတွေ့ခဲ့ရသည့် ဗမာတို့၏ ဘာသာရေး၊ ယဉ်ကျေးမှု၊ လူမှုရေး၊ ပွဲလမ်းသဘင် စသည်များကို စာတစ်စောင် ပေတစ်ဖွဲ့ဖြစ်အောင် ရေးသားထားခြင်းဖြစ်သည်။ မူရင်းစာအုပ်သည် အင်္ဂလိပ်လူမျိုးတစ်ဦးက ရေးသားထား၍သာ အင်္ဂလိပ်စာအုပ်ဟု ဆိုရသော်လည်း သူ့၏ အရေးအသားမှာ ဗမာတစ်ဦး၏ အရေးအသားဖြစ်သည်ဟုပင် ထင်မှတ်ရသည်ဟု ဘာသာပြန်ဆိုသူက ဆိုသည်။ ဗမာတို့၏ အကြောင်းကို ဖွဲ့ဆိုရာ၌ ဗမာတို့၏ ရှုထောင့်၊ အမြင် (အကောင်းမြင်ဝါဒဖြင့်) ရေးသားထားသည်ကို တွေ့ရပြီး အချို့နေရာများတွင် နှစ်ထောင်းအားရစွာ ရေးသားထား၍ အချို့နေရာများတွင်မူ အားမလို အားမရဟန် ရေးသားထားသည်ကို တွေ့ရသည်။ သို့သော် မူရင်းစာရေးသူ၏ အားမလို အားမရ ဖြစ်မှုသည် ဗမာတို့အား နှိမ်ချလို၍မဟုတ်ဘဲ၊ သည်လိုဖြစ်ရကောင်းလား သည်လိုဖြစ်ရင် ပိုမကောင်းဘူးလားဟုသော မေတ္တာ စေတနာမျိုးဖြင့် အကြံပြု ရေးသားထားခြင်းဖြစ်သည်ကို တွေ့ရမည်ဖြစ်သည်။ စာအုပ်ပါအကြောင်းအရာများကို ဖတ်ရှုခြင်းအားဖြင့် ရှေးတုန်းကဗမာများနှင့် ယခုဗမာများ၏ ကွာခြားချက်ကိုလည်း စိတ်ဝင်စားဖွယ် ဖတ်ရှုကြရမည်ဖြစ်သည်။ ယခုအကြိမ်ထုတ်တွင် ယခင်ထုတ်ဝေစဉ်က မပါလိုက်သည့် အခန်း (၄) ခန်းကိုလည်း ထည့်သွင်းဘာသာပြန်ဆိုထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|