|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
- မြန်မာ့နိုင်ငံရေးသမိုင်းမှ ထူးချွန်ကျော်ကြား သခင်များ
-
-
Author(s):
ကောင်းပြည့်စုံ
- Type: Myanmar Books
-
Category:
အတ္ထုပ္ပတ္တိ / ကိုယ်တွေ့မှတ်တမ်း
- No of Pages: 177
- Binding: Paperback
- Publication Month Year: Sep-2012
- Size: 13 cm x 21 cm
|
- Description: မြန်မာ့လွတ်လပ်ရေးအတွက် ရှေ့ဆောင်တိုက်ပွဲဝင်ခဲ့သူ၊ မြန်မာတစ်မျိုးသားလုံး၏ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊ မျိုးချစ်စာပေ ပညာရှင်၊ ပြည်သူ့ခေါင်းဆောင်နှင့် ငြိမ်းချမ်းရေးဖခင်ကြီး သခင်ကိုယ်တော်မှိုင်း၊ အမျိုးသား အာဇာနည်ခေါင်းဆောင် သခင်မြ၊ မြန်မာ့နိုင်ငံရေးသမိုင်းတွင် ကျောင်းသားခေါင်းဆောင်ကြီး၊ သခင်ခေါင်းဆောင်ကြီး၊ မျိုးချစ်ခေါင်းဆောင်ကြီးတစ်ဦး ဖြစ်ခဲ့ပြီး မြန်မာ့လွတ်လပ်ရေးတိုက်ပွဲ ခရီးရှည်ကြီးတစ်လျှောက်တွင် ဦးဆောင်ခဲ့၍ မြန်မာပြည်၏ ပထမဆုံး ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူ သခင်နု၊ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်း၌ အစွန်းအထင်းကင်းပြီး တို့ဗမာအစည်းအရုံးဝင် သခင်တစ်ဦးထက် ကျောင်းသားသမဂ္ဂခေါင်းဆောင်တစ်ဦးအဖြစ် ပို၍လူသိများခဲ့သူ သခင်ဗဟိန်း၊ ဗမာပြည် ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရိုဝင် သခင်သန်းထွန်း၊ သက်တမ်းတစ်လျှောက်လုံး ခေတ်အဆက်ဆက်တွင် နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်လပ်ရေး၊ ဒီမိုကရေစီရေး၊ ဆိုရှယ်လစ်ရေးအတွက် အဆက်မပြတ် တိုက်ပွဲဝင်ခဲ့သူ သခင်မြသန်း၊ အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်အဖြစ် ထင်ရှားခဲ့သူ ဝိဓူရ သခင်ချစ်မောင်၊ ကွန်မြူနစ်ဝန်ကြီး၊ ပြည်ပသတင်းထောက်၊ စာရေးဆရာ၊ သတင်းစာဆရာ အပါအဝင် စာပေနှင့် နိုင်ငံရေးဘဝများတွင် ကျင်လည်ခဲ့သူ သခင်သိန်းဖေ (သိန်းဖေမြင့်)၊ တို့ဗမာအစည်းအရုံးကို စတင်ဖွဲ့စည်းရာတွင် ပါဝင်ခဲ့သူ သခင်ဘသောင်း၊ မြန်မာနိုင်ငံ ပါလီမန် ဒီမိုကရေစီခေတ်ဦး အတိုက်အခံ အလုပ်သမား၊ လယ်သမားပါတီ (ဆိုရှယ်နီ) တည်ထောင်သူ သခင်လွင်၊ မျိုးချစ်စိတ် သာမန်ရှိသော ပုဂ္ဂိုလ်တစ်ဦးမဟုတ်ဘဲ နိုင်ငံခြားသား အုပ်စိုးသူ၏ အငြိုအငြင် အချုပ်အနှောင်နှင့်တကွ ခြေကျိုးလက်ကျိုးခံ၍ အသက်စွန့်ကာ သပိတ်တားခဲ့ပြီး အမျိုးသမီးထုကို ဆွဲဆောင်စည်းရုံးနိုင်ခဲ့သူ သခင်မကြီး ဒေါ်ဆယ် (ချောက်မြို့)၊ နယ်ချဲ့ဆန့်ကျင်ရေးနှင့် အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲများတွင် မြန်မာ့အမျိုးသားစိတ်၊ အမျိုးသား အားမာန်အပြည့်ဖြင့် နိုးကြားတက်ကြွစွာ ခေါင်းဆောင်ပါဝင်ခဲ့သူ သခင်ဗစိန်၊ ၁၃ဝဝ ပြည့် အရေးတော်ပုံမှစ၍ အလုပ်သမားထုနှင့် ဆန္ဒပြ၍ တိုက်ပွဲဝင်ခဲ့သူ၊ တို့ဗမာအစည်းအရုံး၊ အလုပ်သမား အစည်းအရုံးများတွင် တက်ကြွစွာ ပါဝင်ခဲ့သူ သခင်လှကျွေ အစရှိသည့် မြန်မာ့နိုင်ငံရေးသမိုင်းမှ ထူးချွန်ကျော်ကြား သခင်များ၏ ဘဝဖြစ်စဉ်နှင့် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းချက်များကို ဤစာအုပ်တွင် စိတ်ဝင်စားဖွယ် ဖတ်ရှုကြရမည်ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|