|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
- ပါလီမန်မြင်ကွင်း သတင်းမှတ်စု
-
-
Author(s):
တက္ကသိုလ်မြတ်သူ
- Type: Myanmar Books
-
Category:
သမိုင်း
- No of Pages: 352
- Binding: Paperback
- Size: 18 cm x 25 cm
|
- Description: မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက် ဖဆပလအစိုးရလက်ထက် ပါလီမန် ဒီမိုကရေစီခေတ် မြန်မာ့ပါလီမန်လွှတ်တော်မြင်ကွင်းကို ပြန်လည်မြင်မိစေရန် ထိုအချိန်က ပါလီမန်တွင် အဆို ၃ ခုနှင့် ပတ်သက်၍ အဆိုတင်၊ ဆွေးနွေး၊ ဆုံးဖြတ်ခဲ့ကြပုံများကို ယင်းအဆိုနှင့် ဆက်စပ်နေသော နောက်ခံအကြောင်းအရာများနှင့်အတူ ရေးသားတင်ပြထားခြင်းဖြစ်သည်။ တရုတ်ဖြူအား တိုက်ခိုက်နေသည့် မြန်မာ့တပ်မတော်ကို ချီးကျူးကျေးဇူးတင် ဆုမွန်ကောင်းတောင်းသည့် အဆို၊ ၁၉၆၈ ခုနှစ်၌ ဝန်ကြီးချုပ်ဦးနု ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ကာ ဗိုလ်ချုပ်နေဝင်းအား ဝန်ကြီးချုပ်အဖြစ် တင်မြှောက်၍ အိမ်စောင့်အစိုးရဖွဲ့ခြင်းကို ပမညတအမတ်များက ကန့်ကွက်သည့် အဆို၊ ၁၉၅၄ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့ လူမျိုးစုလွှတ်တော်အစည်းအဝေး၌ ဦးကျော်ငြိမ်းတင်သွင်းခဲ့သည့် သရက်မြို့ရှိ ဘိလပ်မြေလုပ်ငန်းကို ပြည်သူပိုင်လုပ်ရန် ဥပဒေကြမ်း အစရှိသည့် အဆိုသုံးခုနှင့် ပတ်သက်၍ လွှတ်တော်တွင် မည်ကဲ့သို့ ငြင်းခုံဆွေးနွေးခဲ့ကြပုံများကို ဤစာအုပ်တွင် စိတ်ဝင်စားဖွယ် ဖတ်ရှုလေ့လာကြရမည် ဖြစ်သည်။ ဤစာအုပ်သည် ဒုတိယကြိမ် ဖြည့်စွက်ထုတ်ဝေထားခြင်းဖြစ်ပြီး ယခုအကြိမ်၌ စာရေးသူရေးသားခဲ့သည့် မြန်မာပါလီမန်လွှတ်တော်များ၏ သဘောသဘာဝအကြောင်း ဆောင်းပါးများ၊ ၁၉၄၈ ခုနှစ်၊ စက်တင်ဘာ ၂၂ ရက်နေ့ ပါလီမန်တွင် အဖမ်းခံ ပြည်သူ့ရဲဘော်အမတ်များ လွှတ်တော်တက်ခွင့်ပြုရေးအဆိုအကြောင်းနှင့် ပြည်သူ့ရဲဘော်သမိုင်းအကျဉ်း ဆောင်းပါး၊ နိုင်ငံတော် အထိမ်းအမှတ် ဆင်ယင်ပြသမှု အက်ဥပဒေ ရုပ်သိမ်းရန် တင်သွင်းခဲ့သော ဥပဒေကြမ်း၊ ၁၉၄၉ - ၅ဝ ဘတ်ဂျက် ဥပဒေကြမ်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂ဝဝ၈)ပါ ဥပဒေပြုရေးနှင့်ဆိုင်သော လွှတ်တော်များဆိုင်ရာ နိုင်ငံတော် အခြေခံမူ (ပုဒ်မ)များ၊ လွှတ်တော်အဆင့်ဆင့်ဆိုင်ရာ (ပုဒ်မ)နှင့် ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ ပုဒ်မများ၊ ဥပဒေပြုစာရင်းများ၊ ကမ္ဘာ့လွှတ်တော်သမဂ္ဂနှင့် မြန်မာနိုင်ငံ ပါလီမန်အဖွဲ့တို့အကြောင်း ဆောင်းပါးများကို ထပ်မံဖြည့်စွက်ကာ ထုတ်ဝေထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|