|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: သုံးတန်ပေါ်နိစ် ဂြိုဟ်စား၊ သက်ရောက်ပညာရပ်တွင် အရေးအကြီးဆုံးနှင့် အနှစ်ချုပ်ဖြစ်သည့် ဂြိုဟ်ပရိယာယ် နံပရိယာယ်များအကြောင်း၊ သုံးတန်ပေါ်နိစ် မူရင်းလင်္ကာအနှစ်ချုပ်၊ မူလစက်၊ ပရိဝါရ၊ အာယုစက်များ လည်နေပုံ၊ နမန္တကျမ်းအလို ယတြာကျမ်းအဆိုများမှ နတ်ရကာပြု၍ ရာဟု နတ်မင်းကြီးအား ပူဇော်ပနည်း၊ ဝိဇ္ဇာထိုရ်များအသုံးပြုသော (မူလအရပ်) ယတြာပြုနည်း၊ အကြောင်းနိမိတ်ပျက်သည်များကို အကောင်းအကျိုးနိမိတ်သို့ ပြောင်းရန် ပြုလုပ်နိုင်သည့် အစီအရင်အကြောင်း၊ ဓာတ်ဆင်တည်း၊ စာရေးသူ၏ ဆရာကြီးမင်းသိင်္ခနှင့် ဆရာကြီး ဦးထွန်းမြတ်တို့ အသုံးပြုခဲ့သော လွန်စွာပညာပါသည့် “ဂမန”ဗေဒင်ဟောနည်း အပါအဝင် သုံးတန်ပေါ်နိစ်နှင့် ဆက်စပ်သည့် ဗေဒင်ပညာရပ်များအကြောင်းကို တစ်အုပ်တည်းတွင် ကိုးကားလေ့လာနိုင်ရန် စီစဉ်ရေးသားထားသော စာအုပ်ဖြစ်သည်။ စာရေးသူသည် ဆရာကြီးမင်းသိင်္ခရှိစဉ်က ဆရာကြီး၏ အတွင်းစည်းတပည့် (ခေါ်) လက်ရင်းတပည့်အဖြစ် အနီးကပ်နေထိုင်ရင်း ဗေဒင်ပညာ၊ ဂမ္ဘီရပညာနှင့် ဘာသာရေးတို့ကို သင်ယူခဲ့သူဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|