|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
|
- Description: ဘုရင်ဘူမိဘောအဒူယာဒက်သည် ကမ္ဘာပေါ်တွင် သက်တမ်းအရှည်ဆုံး နိုင်ငံခေါင်းဆောင်တစ်ဦးဖြစ်ပြီး သူ့နိုင်ငံခေါင်းဆောင်များထဲတွင် စိတ်ဝင်စားဖွယ်အကောင်းဆုံး ခေါင်းဆောင်တစ်ဦးဖြစ်သည်။ အမေရိကတွင် မွေးဖွားခဲ့ပြီး ဥရောပတွင် ပညာသင်ကြားခဲ့သော သူသည် ၁၉၄၆ ခုတွင် မထင်မှတ်ဘဲ ထိုင်းနိုင်ငံဘုရင် ဖြစ်လာခဲ့သည်။ သူ့အစ်ကို မင်းသား အနန္ဒာ၏ ထူးဆန်းသော သေဆုံးမှုအပြီးတွင် ထီးနန်းပလ္လင်ကို သူလက်ခံခဲ့ရသည်။ သူ့ဘဝ၊ အုပ်စိုးမှုနှင့် လုပ်ဆောင်မှုတို့က ခေတ်သစ်ထိုင်းနိုင်ငံသမိုင်းနှင့် ဆက်နွယ်လျက်ရှိသည်။ ပြဇာတ်ဆန်ဆန် ပိုမိုဖွံ့ဖြိုးတိုးတက်လာသော တိုင်းပြည်၏ အချိန်ကာလတစ်ခုကိုလည်း သူ၏ ဇာတ်ကြောင်းက ခြုံလွှမ်းထားနိုင်ခဲ့သည်။ ထိုင်းနိုင်ငံ၏ ဘုရင်ငယ်က သူ့ကိုယ်သူ ဘယ်လိုပြောင်းလဲခဲ့သလဲ၊ ပဒေသရာဇ်နိုင်ငံကို ဘယ်လိုပုံစံသွင်းခဲ့သလဲ၊ မည်သည့် အောင်မြင်မှု အခိုက်အတန့်များနှင့် မည်သည့်အခက်အခဲကာလများက သူ့အုပ်ချုပ်မှုကို အဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြသလဲ၊ ထိုင်းနိုင်ငံသမိုင်းတွင် ဘာကြောင့် သူသည် အမြတ်နိုးခံရဆုံး ဘုရင်ဖြစ်လာခဲ့သလဲကို ဤစာအုပ်က မှတ်သားလောက်သော ဇာတ်ကြောင်းများနှင့်အတူ စာဖတ်သူအား စိတ်ဝင်စားဖွယ် ပြောပြမည် ဖြစ်သည်။ ဘဝ၊ အလုပ်နှင့် ဘုရင်ဟူ၍ စာအုပ်ကို သုံးပိုင်းခွဲဖော်ပြထားသည်။ သူအုပ်စိုးသော ကာလအတွင်း ထိုင်းနိုင်ငံ မည်သို့ ဖွံ့ဖြိုးတိုးတက်လာသည်ကို ပြဆိုထားပြီး သူ့ပြည်သူများ၏ လုံခြုံမှုနှင့် စားဝတ်နေရေး ဖူလုံမှုကို မည်သို့ရှုခြင်ခဲ့ပုံများ၊ နားလညမှုလွဲနိုင်သော ထိုင်းနိုင်ငံ၏ ထီးနန်းဥပဒေ၊ တော်ဝင်ဘုရင်ပိုင်ဆိုင်မှု ဗျုရိုနှင့် အတိုင်ပင်ခံကောင်စီအကြောင်း၊ ထိုင်းနိုင်ငံဘုရင်အား ဆန့်ကျင်ခြင်းဥပဒေနှင့် အောင်မြင်မှု၏ ဖြစ်စဉ်များအကြောင်း၊ ထိုင်းနိုင်ငံနှင့် ယင်း၏ တိကျသော ဘုရင်အုပ်စိုးမှုစနစ်အပေါ် ရှင်းလင်းသော ရှုမြင်ချက်များအကြောင်းကိုပါ စာအုပ်မှတဆင့် အသေးစိတ်သိရှိကြရမည်ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|