|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: တစ်ချိန်က ရန်ကုန်မြို့၏ ထင်ရှားသော သင်္ချိုင်းတစ်ခုဖြစ်သည့် ကြံတောသင်္ချိုင်းတွင် မြှုပ်နှံခြင်း ခံခဲ့ရသည့် ပုဂ္ဂိုလ်တစ်ချို့အကြောင်းကို သမိုင်းနောက်ခံနှင့် တွဲဖက်၍ စိတ်ဝင်စားဖွယ် တင်ပြထားသော စာအုပ်ဖြစ်သည်။ မြန်မာ့လွတ်လပ်ရေးတိုက်ပွဲ (၁၉ဝ၆ - ၁၉၄၈) ၄၂ နှစ်၊ ပြည်တွင်းစစ်နဲ့ စစ်အာဏာရှင်ကာလ (၁၉၄၈ - ၁၉၈၈) နှစ် ၄ဝ၊ (၁၉၈၈ - ၂ဝ၁၂) ၂၄ နှစ်အတွင်း၌ လှုပ်ရှားခဲ့ရသော လူပုဂ္ဂိုလ်တစ်ချို့၏ အကြောင်းအရာများကို ထူးခြားသော တင်ပြဟန်ဖြင့် ရေးသားထားသည်ကို တွေ့ရသည်။ မြန်မာပြည် နိုင်ငံရေး စတင် နိဒါန်းပျိုးပေးခဲ့သူ ဘကြီးဘဘေ၊ မြန်မာနိုင်ငံအတွက် ပထမဆုံး တက္ကသိုလ်တစ်ခု တည်ထောင်ရာတွင် အစိုးရ၏ တက္ကသိုလ်အက်ဥပဒေကို ရဲရဲရင့်ရင့်ရင့် ကန့်ကွက်ခဲ့သော မင်းတိုင်ပင်အမတ် ဦးညွှန့်၊ ပထမကမ္ဘာစစ်အတွင်း ဗြိတိသျှတို့ဘက်မှ ပထမဆုံး ဝင်ရောက်တိုက်ခိုက်ပေးခဲ့သူ အသေခံတပ်ဖွဲ့ဝင် မြန်မာစစ်ဗိုလ် ဗိုလ်မောင်မောင်၊ “လွတ်လပ်ရေးတောင်းလို့ ဖမ်းမယ်ဆိုရင် ကျုပ်ကို ဖမ်းစမ်းပါစေ”လို့အော်ရင်း နယ်ချဲ့ကို ဒူးထောက်သွားသော ပြည်ထဲရေးဝန်ကြီး ဦးမေအောင်၊ အင်္ဂလိပ်ကို မုန်းတဲ့စိတ်နှင့် “လိပ်”ဆိုသည့် စကားပါရင် လိပ်ခွံဘီးကိုတောင် ချိုးဖဲ့ဖျက်ဆီးခဲ့သူ, မြင်းစီးပုလိပ်များရဲ့ နံပါတ်တုတ်ဒဏ်ကို အံ့တုခံခဲ့သော မျိုးချစ် မြန်မာအမျိုးသမီး ဒေါ်ကြင်အိမ်၊ ပထမဆုံး ကျောင်းသားသပိတ်ခေါင်းဆောင်နှင့် အမျိုးသား ပညာဝန် ဦးဖိုးကျား၊ လွတ်လပ်ရေးအတွက် ဘိလပ်သွား ပထမဆုံး ကိုယ်စားလှယ်ကြီးနှင့် နိုင်ငံအတွက် အသက်ပေးခဲ့သူ အမျိုးသားခေါင်းဆောင်ကြီး ဒယ်လီဂိတ်ဦးထွန်းရှိန်၊ ဗြိတိသျှကိုလိုနီ ကျွန်ဘဝ မြန်မာအမျိုးသားထဲမှ ပထမဆုံး ထူးထူးချွန်ချွန် တရားရေးဝန်ကြီး ဖြစ်ခဲ့သူနှင့် ပထမဆုံး ဆာဘွဲ့ရခဲ့သူ တရားရေးဝန်ကြီးချုပ် ဆာမောင်ခင်၊ ဗြိတိသျှ လက်အောင်ခံ ကျွန်သဘောက်ဘဝ မြန်မာအမျိုးသမီးများထဲမှ ပထမဆုံး ဆရာဝန်ဖြစ်လာသူ၊ ဒပ်ဖရင်ဆေးရုံ (ယခု ဗဟိုအမျိုးသမီးဆေးရုံ)တွင် မြန်မာအမျိုးသမီးများထဲမှ ပထမဆုံး ဆေးရုံအုပ်ဖြစ်လာသူနှင့် အမျိုးသမီး မင်းတိုင်းပင်အမိတ် ဒေါက်တာ ဒေါ်စောဆ တို့အကြောင်းကို ဤစာအုပ်တွင် စိတ်ဝင်စားဖွယ် ဖတ်ရှုလေ့လာကြရမည် ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|