|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: ပဒေသရာဇ်ဟု သတ်မှတ်နိုင်သော်လည်း ပဒေသရာဇ်မဆန်သော လူတန်းစားဟု ဆိုနိုင်သူ၊ စာအလွန်ဖတ်ပြီး ဒီမိုကရေစီနိုင်ငံများနှင့် လူ့အခွင့်အရေးအကြောင်းများကို အကျွမ်းတဝင်ရှိသူ၊ မိမိကိုယ်ကို ပဒေသရာဇ်စော်ဘွားတစ်ဦးဟု မထင်၊ အဆင့်တူ အတန်းတူ သာမန်ပြည်သူတစ်ဦးဟုသာ သတ်မှတ်ထားသူ၊ လူတိုင်းတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အပြည့်အဝ ခံစားခွင့်ရှိရမည်ဟု ယုံကြည်ထားသူ၊ အမေရိကန်တွင် ပညာသင်ကြားခဲ့ပြီး နိုင်ငံခြားသူ ပညာတတ် သြစတြေးလျနိုင်ငံသူကို လက်ထပ်ထိမ်းမြားခဲ့သူ၊ သီပေါဟော်နန်း၏ မဟာဒေဝီဖြစ်လာသူ တစ်ပြည်သူ သူ၏ဇနီး စပ်သုစန္ဒီသည် ရှမ်းပြည် လူထု၏ လိုအပ်ချက်ကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးနိုင်ခဲ့၍ “စဝ်မယ်”ဟုပင် အမြတ်တနိုး ခေါ်ဆိုသည်အထိ သူချစ်သူနှင့် သူချစ်သော ပြည်သူကို တစ်သားတည်း ကျစေခဲ့သူ သီပေါစော်ဘွားလေး စဝ်ကြာဆိုင်အကြောင်းကို မှတ်တမ်းတင်ပြုစုထားသော စာအုပ်ဖြစ်သည်။ သူ၏ စော်ဘွားမျိုးနွယ်၊ ယခင်စော်ဘွားများနှင့် မတူဘဲ ဒေသအတွက် ပြည်သူများအတွက် သူတတ်သည့်ပညာဖြင့် စွမ်းစွမ်းတမံ လုပ်ဆောင်ခဲ့ပုံ၊ အုပ်ချုပ်ရေးပိုင်းတွင်လည်း ဖြေလျော့မှုများ၊ ပြုပြင်ပြောင်းလဲမှုများ များစွာပြုလုပ်ကာ ပြည်သူတို့၏ ချစ်ခင်ကြည်ညိုမှုကို ရယူခဲ့ပုံ၊ ပြည်မရှိ ဦးနုအစိုးရနှင့်လည်း ဆက်ဆံရေး ကောင်းမွန်ခဲ့ပုံ၊ သို့သော် ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းချိန်၌ ထောက်လှမ်းရေးအဖွဲ့၏ လူမသိ သူမသိ ဖမ်းဆီး ညှင်းပန်းနှိပ်စက်ခြင်း ခံရကာ ကွယ်လွန်ခဲ့ပုံ၊ သူ့အပေါ် ရှမ်းပြည်လူထု၏ သဘောထား အစရှိသည်တို့ကို ဤစာအုပ်တွင် လေ့လာဖတ်ရှုကြရမည် ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|