|
|
Publishers
|
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
|
- Description: Pervez Musharraf ရေးသားသည့် In The Line of Fire (A Memoir) စာအုပ်ကို ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။ ကလေးအရွယ်ကတည်းက အနိုင်ကျင့်မခံသလို အဆော့သန်ပြီး ကျောင်းစာလည်းတော်သူ၊ အားကျဖို့ကောင်းသော စစ်သားတစ်ယောက်၊ စည်းကမ်းဆုံးဖြတ်ချက် ရဲရင့်ပြတ်သားသူ၊ အမြော်အမြင်ရှိသူ၊ တိုင်းပြည်အကျိုးကို အသက်စွန့် ထမ်းဆောင်သူ၊ ရိုးသားဖြောင့်မတ်ပြီး ကိုယ်ကျင့်တရားကောင်းမွန်သူ၊ ချွတ်ခြုံကျနေသော နိုင်ငံ့စီးပွားရေးကို တိုးတက်စေခဲ့သူ၊ အကြမ်းဖက်ဝါဒကို အပြတ်သားဆုံးနှင့် အအောင်မြင်ဆုံး ချေမှုန်း တိုက်ခိုက်နိုင်သူ၊ အသက်ဘေးနှင့် အကြိမ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရသော်ငြား၊ ကံကြမ္မာ၏ မျက်နှာသာပေးခြင်းခံရသူ၊ စည်းကမ်းရှိသော တပ်မတော်တစ်ခု၊ တိုင်းပြည်အကျိုးကို အသက်စွန့် ထမ်းဆောင်ခဲ့သော စစ်ဗိုလ်ချုပ်တစ်ဦးဖြစ်သည့် ပါကစ္စတန်နိုင်ငံမှ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးဟောင်း ပါဗက် မူရှာရက်ဖ်အကြောင်းကို ဤစာအုပ်တွင် စိတ်ဝင်စားဖွယ် ဖတ်ရှုလေ့လာကြရမည်ဖြစ်သည်။ ပါဗက် မူရှာရက်ဖ်က မူရင်းစာအုပ်တွင် အမှာစာ ရေးပေးထားရာ၌ “ ... ကျွန်တော့်ဘဝဖြစ်စဉ်သည် ကျွန်တော့်နိုင်ငံ ဘဝဖြစ်စဉ်နှင့် တူညီနေပါသည်။ ကျွန်တော့အတ္ထုပ္ပတ္တိမှ စာသားများသည် လူတစ်ယောက်၏ ဖြစ်စဉ်မျှသာမက ပါကစ္စတန်နိုင်ငံ၏ အဖြစ်အပျက်၊ ပါကစ္စတန်နိုင်ငံ၏ သမိုင်းစာမျက်နှာများ ဖြစ်သည်ကိုလည်း နားလည်ပေးစေလိုပါသည်။ ... ” ဟုဆိုထားသည်။ သူဆိုထားသလိုပင် ရှုပ်ထွေးလှသော ပါကစ္စတန်နိုင်ငံ၏ နိုင်ငံရေး၊ သမိုင်းဖြစ်စဉ်များနှင့်အတူ ပါဗက် မူရှာရက်ဖ်အကြောင်းကိုပါ စာအုပ်တွင် ယှဉ်တွဲ၍ ဖော်ပြပေးထားသည်ကို တွေ့ရသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|