|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: လူရွှင်တော် ဇာဂနာ အရေးအခင်းပြီးခါစ ပထမအကြိမ် ထောင်ကျ၍ လွတ်လာပြီးနောက်တွင် မိခင်ဖြစ်သူ စာရေးဆရာမ ကြည်ဦးက တစ်သီးပုဂ္ဂလအမတ်အဖြစ် ဗိုလ်ချုပ်စောမောင်လက်ထက်က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ချိန်နှင့် ကြုံကြိုက်ခဲ့သည်။ မိခင်ဖြစ်သူက သားဖြစ်သူအား သူမအတွက် မဲဆွယ်ပေးရန် ပြောကြားလာရာ မိခင်ဖြစ်သူ၏ ဆန္ဒကို ဖြည့်ဆည်းပေးသောအားဖြင့် န.ဝ.တထံမှ မဲဆွယ်ဟောပြောခွင့် မရရှိသေးသည့် ဇာဂနာနှင့် အရိုင်းတို့သည် စင်ပေါ်သို့ တက်ရောက်မဲဆွယ် ဟောပြောခဲ့သည်။ စင်ပေါ်မှ ဆင်းလျှင် ဆင်းခြင်းတွင်ပင် စစ်တပ်က သူတို့နှစ်ဦးအား ဖမ်းဆီးခဲ့ပြီးနောက် နှစ်ရှည်ထောင်ဒဏ်အသီးသီးချမှတ်၍ အင်းစိန်ထောင်တွင် အကျဉ်းချထားခဲ့သည်။ ယခုစာအုပ်သည် ဇာဂနာ၏ ဒုတိယအကြိမ်မြောက် ထောင်ကျမှတ်တမ်းစာအုပ်ဖြစ်သည်။ ပထမအကြိမ်စာအုပ်ကဲ့သို့ပင် သူ၏ ထောင်တွင်း ဘဝဖြတ်သန်းမှု အတွေ့အကြုံနှင့်တကွ အရိုင်း၊ မင်းသိင်္ခ၊ မောင်မိုးသူအပါအဝင် ထောင်ကျဖော် နိုင်ငံရေးအကျဉ်းသားများ အကြောင်း၊ ထောက်လှမ်းရေးနှင့် ထောင်ဝန်ထမ်းများ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အကြပ်အတည်း အချုပ်အနှောင်များကြားထဲမှ တစ်ဦးနှင့်တစ်ဦး ရသည့်နည်းနှင့် ဆက်သွယ်ကာ မည်သို့ လှုပ်ရှားခဲ့ကြပုံများ၊ ထောင်တွင်း အနေအထိုင်၊ အစားအသောက် ဆင်းရဲပုံများအကြောင်းများကို သူကြုံတွေ့ခဲ့ရသည့် ဒုက္ခ, သောကများကြားမှ အရွှမ်းဖောက်၍ စိတ်ဝင်စားဖွယ် ရေးသားထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|