|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- ပြိုမှာလေလား မိုးရဲ့
-
-
Author(s):
အောင်ပြည့်
- Type: Myanmar Books
-
Category:
ဝတ္ထုရှည်
- No of Pages: 486
- Binding: Paperback
- Publication Month Year: Dec-2019
- Size: 14 cm x 21 cm
|
- Description: ၁၉၆၂ ခုနှစ် ကျောင်းသား အရေးအခင်းနှင့် ကျောင်းသားသမဂ္ဂအဆောက်အအုံ မိုင်းခွဲဖြိုချခြင်း ခံခဲ့ရသည့် ဖြစ်စဉ်ကို နောက်ခံထားကာ ရေးဖွဲ့ထားသော ဝတ္ထုရှည်ကြီးဖြစ်သည်။ သာမန်ဖတ်ပါက ရိုးရိုးအချစ်ဝတ္ထုရှည်ဟု ထင်ရသော်လည်း အသေအချာဖတ်ကြည့်လျှင်မူ ၁၉၆ဝ ခုနှစ်များဆီက ရန်ကုန်တက္ကသိုလ်အကြောင်းများကို လည်းကောင်း၊ တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦးအကြောင်းကိုလည်းကောင်း၊ ဆဲဗင်းဂျူလိုင်အရေးအခင်းအကြောင်းကိုလည်းကောင်း အချိတ်အဆက်မိစွာဖြင့် ရေးဖွဲ့ထားသည့် ဝတ္ထုရှည်တစ်ပုဒ်ဖြစ်သည်ကို တွေ့ရှိရမည် ဖြစ်သည်။ ထို့ကြောင့်လည်း စာအုပ်ကို တော်လှန်ရေးကောင်စီလက်ထက် ပထမကြိမ် ထုတ်ဝေခဲ့စဉ်က ဖြန့်ချိပြီးမှ အာဏာပိုင်များ၏ လိုက်လံသိမ်းဆည်းခြင်းကို ခံခဲ့ရသည်။ စာရေးဆရာမောင်ဝံသက အမှာစာရေးပေးထားရာ၌ “ ဆဲဗင်းဂျူလိုင်အကြောင်း ဂဃနဏ သိချင်တဲ့ လူငယ်တွေအတွက် များစွာ အထောက်အကူဖြစ်မယ်လို့ ကျွန်တော်ခန့်မှန်းမိပါတယ်။ ... “ပြိုမှာလေလား မိုးရဲ့” ကို တကယ့်ခေတ်ဆိုး ခေတ်ကျပ်ကြီးထဲမှာ ဖြစ်အောင်ရေးထုတ်ခဲ့တာ တစ်ခုတည်းအတွက် ချီးကျူးရုံမက ၆၂ မျိုးဆက် ကျောင်းသားအားလု့းနှင့်အတူ ခင်ဗျားကို ကျေးဇူးတင်လို့ မဆုံးဘူးဗျာ၊” ဟု ဝတ္ထုနှင့် ဆရာအောင်ပြည့်ကို ညွှန်းဆိုချီးကျူးထားသည်။ ဝတ္ထုအပြင် ဆရာအောင်ပြည့်ရေးသားခဲ့သည့် “တက္ကသိုလ်နောက်ခံ မြန်မာဝတ္ထုများ စာတမ်း”၊ မောင်ခေတ်ထွန်း ဖတ်ကြားခဲ့သည့် “အောင်ပြည့် စာ၊ အောင်ပြည့် စကား” စာတမ်း၊ မြင့်ဆွေဦး၏ “ဇူလိုင် ၇ ရက် အရေးတော်ပုံနှင့် ဆရာအောင်ပြည့်” စသည့် စာတမ်းများကိုပါ ထည့်သွင်းပုံနှိပ်ဖော်ပြပေးထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|