|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: Ramses Nassif ရေးသားသည့် U Thant in New York (1961 - 1971) A Portrait of third UN secretary-general စာအုပ်ကို ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။ မူရင်းစာရေးသူသည် ကုလသမဂ္ဂတွင် ဦးသန့်ရှိစဉ် ဦးသန့်နှင့်အတူ လက်ပွန်းတတီး လုပ်ကိုင်ဆောင်ရွက်ခဲ့သူ အီဂျစ်နိုင်ငံသား ဖြစ်သည်။ ထူးချွန်သော သတ္တိနှင့် ဂုဏ်သိက္ခာရှိသည့် ပြည်သူ့ဝန်ထမ်းတစ်ဦး၊ ကမ္ဘာ့အဖွဲ့အစည်းကြီးကို တည်ငြိမ်သည့် သန္နိဋ္ဌာန်စိတ်ဖြင့် ဆယ်နှစ်တိုင်တိုင် အလုပ်အကျွေးပြုခဲ့သူ ဦးသန့်၏ အကြောင်းကို သူ၏ လူသားဆန်သော ထူးခြားသည့် အရောင်အသွေးများနှင့်အတူ အမိအရဆုတ်ကိုင်ကာ ဤစာအုပ်တွင် ရေးသားမှတ်တမ်းတင်ထားသည်ကို တွေ့ရသည်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးရာထူးကို ဦးသန့် ရယူခဲ့ချိန်သည် ကမ္ဘာ့အဖွဲ့အစည်း၌ ဖိစီးမှုနှင့် တင်းမာမှုများ လွှမ်းမိုးနေချိန်ဖြစ်ရာ ၎င်းကို ဦးသန့် မည်သို့ဖြေရှင်းခဲ့ပုံ၊ တတိယကမ္ဘာစစ်ဖြစ်ရန် အနည်းငယ်သာလိုတော့သည့် ကျူးဘားဒုံးပျံအရေးအခင်းတွင် ဦးသန့်မည်သို့ ကိုင်တွယ်ခဲ့ပုံ၊ ထို့နောက် ဗီယက်နမ်စစ်ပွဲ၊ အိန္ဒိယ - ပါကစ္စတန်စစ်ပွဲနှင့် အခြားကမ္ဘာ့ရေးရာ ကိစ္စရပ်များတွင် ငြိမ်းချမ်းရေး ထိန်းသိမ်းရန်အလို့ငှာ သတ္တိရှိသော ယတိပြတ်သည့်စိတ်ဓာတ်ဖြင့် မည်သို့ ကြိုးစားခဲ့ပုံများကို ဤစာအုပ်မှတဆင့် နောင်လာနောင်သားများ အတုယူဖွယ် သိရှိကြရမည် ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|