|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
|
- Description: သုတ္တန္တပိဋက၊ ခုဒ္ဒကနိကာယ်၌ အပါအဝင်ဖြစ်သော “မင်္ဂလသုတ်”ကို မှီငြမ်းပြု၍ ပိုဒ်ရေ ၁၆ ခုဖြင့် မုံရွေးဆရာတော်ကိုယ်တိုင် ဖွဲ့ဆိုခဲ့သော “မင်္ဂလသုတ်ပျို့”ကို အဓိပ္ပာယ်ဖွင့်ဆို ရှင်းလင်းထားသော ကျမ်းစာအုပ်ဖြစ်သည်။ ပစ္စုပ္ပန်ဘဝချမ်းသာရေးသာမက သံသရာကြီးပွားရေးအတွက်လည်း ကူညီထောက်ပံ့မှုပေးသော၊ သတ္တဝါတို့အား ဘက်စုံကြီးပွားရေးအတွက် လမ်းညွှန်ချက်ပေးသော၊ အဆုံးစွန်အားဖြင့် ချမ်းသာအစစ်အမှန်ဖြစ်သည့် နိဗ္ဗာန်ရရှိရေးအတွက် လမ်းညွှန်မှုပြုသော တရားတော်ဖြစ်သည့် “မင်္ဂလသုတ်”လာ အကြောင်းအရာများကို မုံရွေးဆရာတော် ရေးစပ်ခဲ့သည့် ပျို့ပုံစံဖြင့် ခံစားဖတ်ရှုရမည် ဖြစ်သလို ၎င်းပျို့နှင့် သက်ဆိုင်သည့် ပျို့များ၊ ပျို့အဓိပ္ပာယ်၊ နိဿယ၊ အဓိပ္ပာယ်ယူဆချက်၊ အမှား အမှန် ဝေဖန်ဆုံးဖြတ်နည်းစသည် ကျမ်းပြုဆရာတော် ဘဒ္ဒန္တပဏ္ဍိတ၏ ရှင်းလင်းချက်တို့ကိုပါ တဆက်စပ်တည်း ဖတ်ရှုလေ့လာကြရမည် ဖြစ်သည်။ စာရေးသူဆရာတော်သည် ဤကျမ်းကို M.A (Buddhism) ဘွဲ့အတွက် နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်)သို့ တင်သွင်းခဲ့ခြင်း ဖြစ်သည်။ မင်္ဂလသုတ်တရားတော်အကြောင်းကို ကျယ်ပြန့်စွာ သိရှိလိုသူတိုင်း လက်စွဲထား ကိုးကားဖတ်ရှုသင့်သော စာအုပ်ကောင်းတစ်အုပ်ပင် ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|