|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: လည်ချောင်းကင်ဆာရောဂါဆိုးကြီးကို ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ကိုယ်တွေ့ကြုံတွေ့ခဲ့ရသည့် စာရေးသူက သူ၏ ကင်ဆာရောဂါသည်ဘဝ ဖြတ်သန်းမှုခရီး အတွေ့အကြုံများကို “ကင်ဆာတစ္ဆေနှင့် စီးချင်းထိုးပုံများ” ခေါင်းစဉ်ဖြင့် နွယ်နီမဂ္ဂဇင်းတွင် ရေးသားခဲ့သည်။ ထို့အတူ စာရေးသူ ပိတောက်ပွင့်သစ်မဂ္ဂဇင်းတွင် အယ်ဒီတာလုပ်ခဲ့စဉ်က အလုပ်သွား အလုပ်ပြန်ကို မြို့ပတ်ရထား အသုံးပြုခဲ့ရာ ထိုရထားများပေါ်မှ စီးနင်းလိုက်ပါကြသော လူသားများ၏ ဘဝနှင့် မြင်ကွင်းကို “ရထားပေါ်မှ လူများ” ခေါင်းစဉ်ဖြင့် မဂ္ဂဇင်းများတွင် ဖော်ပြခဲ့သည်။ ထိုခေါင်းစဉ်နှစ်ခုဖြင့် ရေးသားခဲ့သည့် ဆောင်းပါးများကို ယခုစာအုပ်တွင် တစ်စုတစ်စည်းတည်း ဖတ်ရှုကြရမည် ဖြစ်သည်။ ကင်ဆာရောဂါဆိုးကြီးကို ကြောက်ရွံ့သော်လည်း လက်တွေ့ကြုံလာသောအခါ လွှဲရှောင်၍မရဘဲ ကြံ့ကြံ့ခံ၍ ရင်ဆိုင်ခဲ့သူတစ်ဦးအကြောင်းကိုလည်းကောင်း၊ ရထားကို အမှီပြုကာ အသက်မွေးဝမ်းကျောင်းသူများ, ရထားကို အမှီပြုကာ ခရီးသွားလာကြသည့် ဆင်ခြေဖုံးရပ်ကွက်များမှ အလွှာစုံ ဘဝများအကြောင်းကို လည်းကောင်း ရသမြောက်စွာ ရေးသားမှတ်တမ်းတင်ထားသည်ကို တွေ့ရသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|