|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: အမျိုးသားနိုင်ငံရေးနှင့် ဘာသာ၊ သာသနာဦးဆောင် ရဟန်းသံဃာများကား ခွဲခြား၍ မရစကောင်းပေ။ ထို့ကြောင့်လည်း ရှေးမြန်မာမင်းများလက်ထက်ကပင် ရဟန်းသံဃာများသည် တိုင်းပြည်အရေးကို အခါအားလျော်စွာ ဆောင်ရွက်တော်မူခဲ့ကြသည်။ ထို့ပြင် ကိုလိုနီခေတ်ကလည်း ရဟန်းသံဃာများသည် ဝံသာနုတရားဟောကြား၍ အပြစ်ပေး, အရေးယူခဲ့ကြသည့် ရဟန်းသံဃာများလည်း မနည်းလှပေ။ ဤစာအုပ်သည် အမျိုး, ဘာသာ, သာသနာအတွက် ဒါယကာ၊ ဒါယိကာမများနှင့် တစ်သွေးတည်း, တစ်သားတည်း နိုင်ငံ့အရေးကို ဆောင်ရွက်တော်မူခဲ့ကြသည့် သံဃာအရှင်သူမြတ်များကို ဂုဏ်ပြုသောအားဖြင့် ရေးသားပြုစုထားသော စာအုပ်ဖြစ်သည်။ မွန်ဂိုတပ်များ ဝိုင်းထားခဲ့သည့် ပုဂံကို ကယ်တင်ခဲ့သည့် ဆရာတော် အရှင်ဒိသာပါမောက္ခမှသည် ဒါယကာ၊ ဒါယိကာမများ၏ စားဝတ်နေရေး ကျပ်တည်းမှုကို မမြင်ရက်တော့သည့် ရဟန်းသံဃာတို့ဦးဆောင်ခဲ့သည့် ရွှေဝါရောင်တော်လှန်ရေးအထိ ခေတ်အဆက်ဆက်ပေါ်ထွန်းခဲ့သည့် သာသနာ့အာဇာနည် ရဟန်းသံဃာများအကြောင်းကို ဤစာအုပ်တွင် ဖတ်ရှုကြည်ညိုကြရမည် ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|