|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: ကိုလိုနီပုလိပ် စုံစမ်းရေးထောက်လှမ်းရေးဌာနမှ အရာရှိများပြုစုထားသည့် မြန်မာသူရဲကောင်း ဗြိတိသျှရန်သူတော်စာရင်းမှ ပုဂ္ဂိုလ် (၄ဝ) ဦး၏ မှတ်တမ်းကို မူရင်းအတိုင်း ဖော်ပြပေးထားသော စာအုပ်ဖြစ်သည်။ ဆရာတော်ဦးဥတ္တမ၊ သမ္မတဦးချစ်လှိုင်၊ သမ္မတဦးစိုးသိမ်း၊ သမ္မတဦးစု၊ သခင်ကိုယ်တော်မှိုင်း၊ သခင်ဘသောင်း၊ သခင်သိန်းမောင် (မီးတုတ်ကြီး)၊ သခင်ဗစိန်၊ သခင်လေးမောင်၊ သခင်ထွန်းအုပ်၊ သခင်ညီ၊ သခင်နု၊ သခင်အောင်ဆန်း၊ သခင်စိုး၊ သခင်သန်းထွန်း၊ သခင်စံထွန်းလှ၊ သခင်အောင်သန်း (ဗိုလ်စြင်္ကာ)၊ ပင်ဖြူ သခင်လှဖေ၊ သခင်ခင်အောင်၊ သခင်ခ၊ သခင်လှမောင် (တောင်ငူ)၊ သခင်လေး (မန္တလေး)၊ သခင်သိန်းဖေ (တက်ဘုန်းကြီး)၊ သခင်ဗဟိန်း၊ နဂါးနီသခင်ထွန်းရွှေ၊ အရှင်ကျော် (ခေါ်) ဦးကျော်၊ သခင်ကျော်စိန် အပါအဝင် ရန်သူတော်စာရင်း ဖော်ပြထားခြင်း ခံရသူတို့သည် ဗမာနိုင်ငံတွင် ဗြိတိသျှနယ်ချဲ့စနစ်အတွက် ထိထိရောက်ရောက် ကြောက်စရာကောင်းလှသော ဗမာနိုင်ငံမှ နိုင်ငံရေးသမားများ ဖြစ်ကြသဖြင့် C.I.D ခေါ် မှုခင်းစုံစမ်းထောက်လှမ်းရေးဌာန၏ ကိုလိုနီထောက်လှမ်းရေးဌာနခွဲမှ တစ်နေ့လျှင် ၂၄ နာရီအပြည့် စောင့်ကြည့်ရန် ခံရသူများ ဖြစ်ကြသည်။ ထိုရုံးတွင်း၌ အသုံးပြုရန် လျှို့ဝှက်စာရင်းဖိုင်တွဲ မှတ်တမ်းကို လေ့လာခြင်းအားဖြင့် ကိုလိုနီခေတ် နိုင်ငံရေးခေတ်ကာလ၏ အခြေခံကျသော သမိုင်းဝင်အထောက်အထားများနှင့် ၁၉ဝဝ ခုနှစ်များဆီမှ ၁၉၄၂ ခုနှစ်အထိ နှစ်ပေါင်း (၅ဝ) ခန့် ဗမာနိုင်ငံရေးလောက၏ ဖြစ်ရပ်သမိုင်းများကို အတွင်းကျကျ သိရှိနိုင်ကြမည် ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|