|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
|
- Description: စန်းဝဠာဆိုသည်မှာ ကမ္ဘာလောက မဏ္ဍလ၏ ဗဟိုချက် သို့မဟုတ် ဒဏ္ဍာရီဆန်လှသော နေရာတစ်နေရာ၊ နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ၎င်းစန်းဝဠာတွင် မှီတင်းနေထိုင်သူအားလုံးသည် ဒါန၊ သီလ၊ ဘာဝနာ အဘက်ဘက်မှပြည့်စုံပြီး ဉာဏ်အလင်းပွင့်ပြီးသူများ ဖြစ်ကြသည်ဟုဆိုသည်။ တစ်နည်းနားဖြင့် အဝိဇ္ဇာကင်းသည့် ဝိဇ္ဇာတို့နေထိုင်ရာအရပ်ဟု ဆိုနိုင်သည်။ ထိုစန်းဝဠာ ဘယ်နေရာမှာရှိဆိုသည်ကို အရှေ့တိုင်းသားများသာမက အနောက်တိုင်းသားများကပါ စိတ်ဝင်စားကြရာ ယခုစာအုပ်သည် စန်းဝဠာနှင့် ပတ်သက်၍ စာရေးသူ၏ လေ့လာတွေ့ရှိချက်များကို အခန်း (၁၄) ခန်းခွဲ၍ ရေးသားရှင်းလင်းထားခြင်း ဖြစ်သည်။ အခန်းခေါင်းစဉ်များမှာ ကမ္ဘာ၏ ဗဟိုအချက်အချာ၊ လျှို့ဝှက်လောက၏ ဝင်ပေါက်တံခါး၊ ကာလစက္ကရလမ်းစဉ်၊ ကာလစက္ကရသံခိပ်၊ နေရာအနှံ့ရှိ စန်းဝဠာ၊ မြေအောက်ကမ္ဘာအကြောင်း၊ စွမ်းအင်နှင့် ပညာရပ်များ၏ ကွန်ရက်၊ ရုရှား ဂျပန် အပြိုင်အဆိုင်၊ စန်းဝဠာ သူရဲကောင်း၊ ဆန့်ကျင်ဘက်အမြင်များ၊ နာဇီ ဂျာမနီနှင့် စန်းဝဠာ၊ စန်းဝဠာအကြောင်း သိကောင်းစရာများ၊ ရှန်ဂရီလာ၊ စန်းဝဠာ၏ စခန်းအဆင့်ဆင့်တို့ ဖြစ်ကြသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|