|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: စင်ကာပူနိုင်ငံသို့ သွားရောက်ကာ အလုပ်လုပ်ကိုင်လျက်ရှိသူများ၊ ကျောင်းတက်ပညာရှာနေသူများ၏ အတွေ့အကြုံများကို အင်တာဗျူးပြုလုပ်မေးမြန်း မှတ်တမ်းတင်ထားသော စာအုပ်ဖြစ်သည်။ အင်ဂျင်နီယာ၊ အထွေထွေအလုပ်သမား၊ ရုံးဝန်ထမ်း၊ အကူသူနာပြု၊ ကျပန်း၊ ကျောင်းသား၊ ကျောင်းသား အစရှိသည့် စင်ကာပူရောက် အလွှာစုံမှ မြန်မာတို့၏ ဘဝနှင့် ရုန်းကန်မှုများကို အသားပေးမှတ်တမ်းတင်ထားသည်။ မြန်မာပြည်မှ စင်ကာပူသို့ ထွက်လာရခြင်း အကြောင်းရင်း၊ မလာခင် ပြင်ဆင်ခဲ့ရသည်များ၊ စင်ကာပူ ရောက်ရှိခါစ တွေ့ကြုံရသည့် ဘာသာစကား၊ ယဉ်ကျေးမှု၊ လူမှုဆက်ဆံရေး အခက်အခဲများနှင့် ၎င်းတို့ကို မည်သို့ကျော်လွှားခဲ့ရပုံ၊ လုပ်ငန်းခွင် ဖိစီးမှုကို ပုံစံအမျိုးမျိုးဖြင့် တွေ့ကြုံရပုံ၊ သက်ဆိုင်ရာ စင်ကာပူလုပ်ငန်းခွင်များ၏ သဘာဝ၊ စင်ကာပူသို့ လာရောက် အလုပ်လုပ်ကိုင် (သို့မဟုတ်) ပညာသင်ကြားမည်ဆိုပါက ကြိုတင်ပြင်ဆင်သင့်သည်များနှင့် တစ်ဦးချင်းအပေါ် စာရေးသူ၏ သုံးသပ်ချက်များကို ဗဟုသုတဖြစ်ဖွယ် ဖတ်ရှုလေ့လာကြရမည် ဖြစ်သည်။ စာရေးသူသည် ယခင်က “အနာဂတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်း”ဟူသော စာအုပ်ကိုလည်း ရေးသားခဲ့ပြီးဖြစ်ရာ၎င်းတွင် စာတွေ့ဗဟုသုတများကို အလေးပေး ရေးသားထားပြီး ယခုစာအုပ်တွင်မူ လက်တွေ့ဗဟုသုတအဖြစ် အဓိကထား ရေးသားထားသည်။ စာအုပ်ကို ဖတ်ရှုလေ့လာခြင်းအားဖြင့် စင်ကာပူ၌ တွေ့ကြုံရမည့် အခက်အခဲများကို သိရှိနိုင်ကြကာ ကြိုတင်ပြင်ဆင်ထားခြင်းဖြင့် အလိမ်မခံရအောင်၊ အချိန်ကုန် သက်သာအောင်၊ ငွေကြေး မကုန်သင့်တာ မကုန်ရအောင် ဆင်ခြင်နိုင်ကြမည်ဟု စာရေးသူက ဆိုထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|