|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
|
- Description: မြန်မာ့တပ်မတော်တွင် ဗျူဟာမှူးအဆင့်မှ နယ်ဘက်သို့ရောက်ရှိကာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၌ တာဝန်ထမ်းဆောင်ခဲ့သူ စာရေးသူက ဤစာအုပ်တွင် သူသိသမျှ သူလေ့လာမိသမျှ ဗိုလ်ချုပ်မှူးကြီး (ဟောင်း) သန်းရွှေအကြောင်း အဓိကထား ရေးသားတင်ပြထားသည်။ စာရေးသူသည် ဗိုလ်ချုပ်မှူးကြီး (ဟောင်း) သန်းရွှေ တပ်မှူးတာဝန်ထမ်းဆောင်စဉ်က သူ၏ လက်အောက်၌ ၂ နှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့ရသလို နဝတ, နယကခေတ် ဗိုလ်ချုပ်မှူးကြီး (ဟောင်း) သန်းရွှေ တိုက်ရိုက်ကိုင်တွယ် အုပ်ချုပ်သော ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတွင်လည်း ၁ဝ နှစ်ခန့် ထိတွေ့လုပ်ကိုင်ခဲ့ရသူဖြစ်သည်။ ယခုစာအုပ်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိ၊ တပ်မမှူးမှသည် ဒုချုပ်ဘဝအထိ စာရေးသူ၏ တွေ့ရှိချက်၊ စာရေးသူနှင့် နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်တွင် ပြန်တွေ့ခဲ့ပုံ၊ စည်ပင်တွင် လုပ်ကိုင်စဉ်က ဗိုလ်ချုပ်မှူးကြီးနှင့် ထိတွေ့ဆက်ဆံခဲ့ရပုံများ၊ အစိုးရအဖွဲ့ နေပြည်တော်သို့ ရွှေ့ပြောင်းခြင်းကိစ္စ၊ အနုမြူဗုံးလုပ်သည်ဆိုသည့်ကိစ္စ၊ တိုင်းရင်းသားလက်နက်ကိုင်များအပေါ် ဗိုလ်ချုပ်မှူးကြီး၏ အမြင်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘက်ပေါင်းစုံမှ စဉ်းစားကာ ရေးဆွဲခဲ့ပုံ၊ တရုတ်နိုင်ငံနှင့် ဆက်ဆံရေးအပေါ် သူ၏အမြင်၊ ဗိုလ်ချုပ်ကြီးခင်ညွှန့်နှင့် ဗိုလ်ချုပ်ကြီးမောင်အေးတို့ကြား ပါဝါပြိုင်မှုများ၊ ဗိုလ်ချုပ်မှူးကြီးသည် အစိုးရအဖွဲ့အတွင်း မည်သို့အာဏာအဆင့်ဆင့် တည်ဆောက်ခဲ့ပုံများ၊ နဝတ, နအဖအစိုးရအဖွဲ့အတွင်းရေးများ၊ ထောက်လှမ်းရေးအဖွဲ့ မည်သို့ဖြိုခွင်းခံခဲ့ရပုံများကို စိတ်ဝင်စားဖွယ် နှိုက်နှိုက်ချွတ်ချွတ် မှတ်တမ်းတင် ရေးသားထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|