|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: အင်္ဂလိပ်တို့ မြန်မာနိုင်ငံကို သိမ်းပိုက်ပြီး နီပေါနိုင်ငံမှ ဂေါ်ရခါးလူမျိုးများကို ခေါ်သွင်းလာခဲ့ရာ ဗြိတိသျှတို့၏ တပ်ရင်းတပ်ဖွဲ့များတွင် အမှုထမ်း၍ လည်းကောင်း၊ သတ္ထုတွင်း အလုပ်သမားများအဖြစ်လည်းကောင်း၊ စိုက်ပျိုးရေး မွေးမြူရေး အလုပ်သမားများအဖြစ်လည်းကောင်း အသက်မွေးဝမ်းကျောင်း ပြုလာခဲ့ကြသည်။ ဂေါ်ရခါးလူမျိုးများသည် ကမ္ဘာကျော် စစ်သားများဖြစ်သည်နှင့် အားလျော်စွာ မြန်မာပြည် လွတ်လပ်ရေးရပြီးချိန်တွင်လည်း ဗမာ့တပ်မတော်တွင် အတော်များများ ဝင်ရောက်၍ တိုင်းပြည်ကို အသက်စွန့်ကာကွယ်ခဲ့ကြသည်။ ဗမာ့တပ်မတော်တွင် သူရသတ္တိဖြင့် အရင်းခံပြီးမှသာ ဆွတ်ခူးနိုင်သည့် တပ်မတော်၏ အမြင့်ဆုံးဘွဲ့ အောင်ဆန်းသူရိယဘွဲ့ထူးကို သာမန်ဂေါ်ရခါးတပ်သားကလေး အသက် ၂ဝ အရွယ် ဆွတ်ဗဟာဒူးရိုင်းက ရယူခြင်းဖြင့် ထိုအချက်ကို သက်သေပြခဲ့သည်။ ထို့အတူ မြန်မာဘောလုံးဝိဇ္ဇာဟု သတ်မှတ်ာကသည့် ဗဟာဒူးဆိုသည်မှာလည်း ဗမာ့တပ်မတော်သား ဂေါ်ရခါးပင်ဖြစ်သည်။ ယခုစာအုပ်တွင် မြန်မာပြည်သို့ ရောက်ရှိခဲ့သည့်မှာ နှစ်ပေါင်း ၁ဝဝ ကျော်ရှိခဲ့ပြီဖြစ်ပြီး လူဦးရေအားဖြင့် သုံးသိန်းနီးပါးရှိလာပြီဖြစ်သော မြန်မာပြည်ဖွား ဂေါ်ရခါးတို့၏ သမိုင်းကြောင်းကို အသေးစိတ် သုတေသနပြု ရေးသားထားသည်။ သမိုင်းကြောင်းနှင့်အတူ စစ်ရေး၊ အားကစားနယ်ပယ်များတွင် ထူးချွန်ခဲ့ကြသော ဂေါ်ရခါးလူမျိုးများ အကြောင်းကိုလည်း သိရှိနိုင်အောင် ရေးသားပြုစုထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|