|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- ဗိုလ်ကြီးအုန်းကျော်မြင့် နိုင်ငံတော်လုပ်ကြံမှု
-
-
Author(s):
ဦးဝင်းထိန်
- Type: Myanmar Books
-
Category:
သမိုင်း
- No of Pages: 172
- Binding: Paperback
- Publication Month Year: Dec-2017
- Size: 14 cm x 21 cm
|
- Description: မဆလခေတ်က စတုတ္ထမြောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးတင်ဦး (ယခု NLD နာယက သူရဦးတင်ဦး) အပေါ် တပ်မတော်သားများက လေးစားချစ်ခင်လာမှု၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်၏ ဈာပနကို နိုင်ငံတော်ဈာပနအဖြစ် ပြုလုပ်ရန် ဦးတင်ဦးက တင်ပြမှု၊ ထိုအချိန်ကာလ ဖြစ်ပေါ်ခဲ့သော အလုပ်သမားအရေးအခင်း ကြွေးကြော်သံများတွင် “နေဝင်း၊ စန်းယု ကျဆုံးပါစေ၊ ဗိုလ်ချုပ်ကြီးတင်ဦး ကျန်းမာပါစေ”ဟူသော ကြွေးကြော်သံများ ဟစ်ကြွေးခဲ့ကြမှု အပါအဝင် ဦးနေဝင်းက ဗိုလ်ချုပ်ကြီးတင်ဦးအပေါ် အမြင်မကြည်မှုများကြောင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရာထူးမှ ဖြုတ်ချခဲ့သည်။ ဗိုလ်ချုပ်ကြီးတင်ဦး ဖြုတ်ချခံရချိန်၌ ဒုတိယကာကွယ်ရေးဦးစီးချုပ်၏ ကိုယ်ရေးအရာရှိဖြစ်သူ ဗိုလ်ကြီးအုန်းကျော်မြင့်နှင့် အပေါင်းပါများသည် စစ်ခေါင်းဆောင်များကို လုပ်ကြံပြီး ဗိုလ်ချုပ်ကြီးတင်ဦးကို မူလရာထူးပြန်ပေးရန် ကြံစည်ကြရာ မအောင်မြင်ဘဲ အစုလိုက်အပြုံလိုက် ဖမ်းဆီးခြင်းခံရသည်။ ထိုကြံစည်မှုမတိုင်ခင်တွင် စာရေးသူ ဦးဝင်းထိန်သည် စစ်ရုံးတွင် ဦးစီးမှူး တတိယတန်းအရာရှိအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိရာ ထိုကိစ္စကို အတန်အတင့် ကြိုတင်သိရှိခဲ့သည်။ ကြံစည်မှု ပျက်ပြားပြီးနောက် စာရေးသူသည်လည်း စစ်ကြောရေးစခန်းတွင် ထိန်းသိမ်းခြင်းခံခဲ့ရသည်။ ယခုစာအုပ်တွင် စာရေးသူက ထိုနိုင်ငံတော်လုပ်ကြံမှုအကြောင်းနှင့်တကွ လုပ်ကြံမှုတွင် ပါဝင်ခဲ့ကြသူများအကြောင်း၊ ထိုသူများ ဖမ်းဆီးခံရပြီးနောက် ထွက်ဆိုချက်များကို အတွင်းကျကျ အသေးစိတ်ရေးသားဖွင့်ချထားသည်ကို ဖတ်ရှုကြရမည် ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|