|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- မြင့်မြင့်တွေး မြင့်မြင့်ကြံ (အတွဲ ၁ + ၂)
-
-
Author(s):
ကြည်ရွှန်း
- Type: Myanmar Books
-
Category:
သုတစာပေ
- No of Pages: 458
- Binding: Paperback
- Publication Month Year: May-2018
- Size: 14 cm x 21 cm
|
- Description: David J.Schwartz၏ The Magic of Thinking Bigကို ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ မူရင်းစာအုပ်ကို ထုတ်ဝေခဲ့သည့် နှစ်ပေါင်း ၃ဝ ကျော်အတွင်း လူသန်းပေါင်းများစွာ၏ ဘဝကို ဤစာအုပ်ပါ အကြောင်းအရာများက တိုးတက်ပြောင်းလဲစေခဲ့သည်ဟု ဆိုသည်။ မူရင်းစာရေးသူသည် သူတို့လောကနှင့်သူတို့ ထိပ်ဆုံးသို့ ရောက်နေသူများကို ကိုယ်တိုင်သွားရောက် တွေ့ဆုံမေးမြန်းခဲ့ပြီး လူတစ်ယောက် အောင်မြင်မည်၊ မအောင်မြင်ဘူးဆိုသည်မှာ သူစိတ်ထဲ အောင်မြင်လိုသည့်စိတ် ရှိ မရှိကသာ အဓိကကျကြောင်း၊ အောင်မြင်မှုဆိုသည်မှာ အခြေအနေ၊ ပါရမီ၊ ဉာဏ်ပညာနှင့် မဆိုင်ဘဲ ၎င်းတို့သည် ရွေးချယ်မှုများသာဖြစ်သည်ဟု စာအုပ်တွင် အရိပ်အမြွတ် ဖော်ပြဆွေးနွေးထားသည်။ ပါဝင်သော အခန်းအမည်များမှာ အောင်မြင်မယ်လို့ ယုံကြည်ပါ၊ အောင်မြင်ပါလိမ့်မယ်၊ အရှုံးရောဂါ ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် ဆင်ခြေပေးတတ်တဲ့ အကျင့်ကို ဖျောက်ပစ်ပါ၊ ယုံကြည်စိတ်ကို တည်ဆောက်၊ ကြောက်စိတ်ကို ဖျောက်၊ မြင့်မြင့်တွေးနည်း၊ ဖန်တီးနိုင်အောင် တွေးနည်း၊ စိတ်ကူးထုတ်နည်း၊ ကိုယ့်ကိုယ်ကိုယ် ထင်ထားတဲ့အတိုင်း ဖြစ်လာတယ်၊ အခန်းခေါင်းစဉ်များမှာ ကိုယ့်ပတ်ဝန်းကျင်ကို ကိုယ်ရွေးချယ်၊ ကိုယ့်ခံယူချက်က ကိုယ့်မဟာမိတ်၊ လူတွေကို မှန်မှန်ကန်ကန် ရှုမြင်၊ လက်တွေ့ ထလုပ်တဲ့အကျင့်ကိုမွေး၊ အရှုံးကို အနိုင်ဖြစ်အောင် လုပ်နည်း၊ ဖွံ့ဖြိုးတိုးတက်ဖို့ရာ ရည်မှန်းချက်တွေကို အသုံးချပါ၊ ခေါင်းဆောင်တစ်ယောက်လိုတွေးနည်းတို့ ဖြစ်ကြသည်။ မူရင်းစာရေးသူသည် သူ၏ ယခုစာအုပ်ကို အပြင်မှာ သူတွေ့ကြုံမှတ်သားရတာတွေများထဲက သင်ခန်းစာအဖြစ် ကောက်နုတ်ပြီး အောင်မြင်မှု ဥပဒေသများအဖြစ် ဖော်ထုတ်ထားခြင်းဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|