|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
- မျှော်လင့်ခြင်းကို မျှားတဲ့ညနေ (ရသဝတ္ထုတိုစု)
-
-
Author(s):
မြစ်ကျိုးအင်း
- Type: Myanmar Books
-
Category:
ဝတ္ထုတို
- No of Pages: 173
- Binding: Paperback
- Publication Month Year: Jun-2021
- Size: 14 cm x 21 cm
|
- Description: ရွှေအမြုတေမဂ္ဂဇင်းရဲ့ ရွှေဝတ္ထုတိုကဏ္ဍမှာ အမြဲပါလေ့ရှိတဲ့ စာရေးဆရာတစ်ယောက် ဖြစ်သူ စာရေးသူ၏ ဝတ္ထုတိုလက်ရာ (၁၆) ပုဒ် စုစည်းမှုစာအုပ်ဖြစ်သည်။ စာ
ရေးသူသည် ဤစာအုပ်ဖြင့် ၂ဝ၁၈ ခုနှစ်အတွက် အမျိုးသားစာပေဆု (ဝတ္ထုတို)ဆုကို ဆွတ်ခူးနိုင်ခဲ့သည်။ စာအုပ်စီစဉ်သူက ‘‘ဂုဏ်သိက္ခာကြီးမားတဲ့ ရွှေအမြုတေမဂ္ဂဇ
င်းမှာ ရသမမြောက်ဘဲ ဝတ္ထုတိုတစ်ပုဒ်ပါဝင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ရွှေဝတ္ထုတိုကဏ္ဍမှာ အမြဲပါလေ့ရှိတဲ့ ဆရာရဲ့ ရသအရေးအဖွဲ့ကို ဖတ်ရှုဖူးသူတိုင်း လက်ခံအားပေး
ခဲ့ကြတာဟာ အမျိုးသားစာပေဆုရတဲ့အထိ သက်သေပြနိုင်ခဲ့ပါပြီ။ ဝတ္ထုတိုသည် အကြောင်းအရာ တစ်ခုတည်းကို ဦးတည်ရမည်၊ ဇာတ်ဆောင် နည်းရမည်၊ အရေးအသား
သွက်ရမည်လို့ ဆမ်းမားဆက်မွမ်က ပြောပါတယ်။ အတတ်ပညာ တစ်ခုတည်း မဟုတ်ဘဲ အနုပညာ ခံစားမှုနဲ့ပါ ရောမွှေထားတဲ့ ဝတ္ထုတိုလေးတွေသာ တကယ်ကို
ရသမြောက်ပါတယ်။ ဆရာမြစ်ကျိုးအင်း ရေးဖွဲ့ထားတဲ့ ဝတ္ထုတိုတွေလည်း အဲလိုပဲ ထူးခြားမှုတစ်ခုခုကို ခံစားရမိလောက်အောင်ပဲ ထိရှလွန်းခဲ့တယ်။ ယခုဆုရစာအုပ်
ထဲမှာ ပါဝင်တဲ့ ဝတ္ထုတိုတွေဟာဆိုရင် ရွှေအမြုတေမှာ ပါဝင်ခဲ့တဲ့ ဒေါင်ဒေါင်မြည်ဝတ္ထုတွေပဲ ဖြစ်ပါတယ်။ ဝတ္ထုတိုစာရေးဆရာတစ်ယောက်ဟာ လောကနယ်ပယ်အစုံကို
ရေးဖွဲ့နိုင်စွမ်းရှိရမယ်။ ရသအစုံကို ရေးဖွဲ့နိုင်စွမ်းရှိရမယ်။ အကြောင်းအရာအစုံကို ရေးဖွဲ့နိင်စွမ်းရှိရမယ်။ ဒီအချက်တွေ အားလုံးနဲ့ပြည့်စုံတဲ့ ၂၀၁၈ခုနှစ် အမျိုးသားစာ
ပေဆု ဝတ္ထုတိုဆုရစာအုပ်လေးကို ဂုဏ်ယူစွာနဲ့ တင်ဆက်လိုက်ပါတယ်။’’ ဟု ဆိုထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|