|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
|
- Description: ၁၉၅၆ မှ ၁၉၆ဝ ကာလက နိုင်ငံတော်အစိုးရ၏ ပညာတော်သင်ဆုရ၍ လန်ဒန်တက္ကသိုလ် လန်ဒန်စီးပွားရေးနှင့် နိုင်ငံရေးသိပ္ပံကောလိပ်၊ London School of Economics and Political Scienceတွင် နိုင်ငံတကာ ဆက်ဆံရေးပညာဘာသာ International Relations ဖြင့် ဒေါက်တာဘွဲ့ရယူခဲ့သူ ဒေါက်တာခင်မောင်ညွန့်၏ ပညာတော်သင်မှတ်တမ်း စာအုပ်ဖြစ်သည်။ ဆရာကြီးသည် ဘွဲ့ရရေးအတွက် လန်ဒန်၌ လေးနှစ်တာကြာ သွားရောက်ပညာသင်ကြားခဲ့ရသည်။ ထိုသို့ပညာသင်ကြားရင်း လန်ဒန်တက္ကသိုလ် နိုင်ငံတကာကျောင်းသားများ ဗြိတိသျှလူမျိုးစုများနှင့် ရင်းနှီးကျွမ်းဝင်စွာ ပေါင်းသင်းဆက်ဆံမိခဲ့ပုံများ၊ သူတို့၏ ဘဝဓလေ့များ၊ အားလပ်ချိန်တွင် အသံလွှင့်ခြင်း၊ ပါဆယ်ပို့ခြင်း၊ စားပွဲထိုးဝင်လုပ်ခြင်းစသည်တို့ကို လုပ်ဆောင်ခဲ့ပုံများ၊ နွေရာသီ ကျောင်းပိတ်ရက်များတွင် လန်ဒန်ပြင်ပ မြို့ရွာများက ဖိတ်ကြား၍ မြန်မာ့ယဉ်ကျေးမှု သမိုင်းအကြောင်း သွားရောက် ဟောပြောခဲ့ပုံများ၊ ရန်ကုန်မှ လစ်ဘာပူဆိပ်ကမ်းသို့ သင်္ဘောဖြင့် အသွားအပြန်သွားရောက်ခဲ့သည့် အတွေ့အကြုံများ၊ ပညာသင်ကြားရေး အတွေ့အကြုံများ၊ ဒေသန္တရဗဟုသုတများကို စာအုပ်တွင် စိတ်ဝင်စားဖွယ် မှတ်တမ်းတင်ရေးသားထားသည်ကို ဖတ်ရှုကြရမည် ဖြစ်သည်။ ဤစာအုပ်သည် မူလထုတ်ဝေစဉ်က “ကျွန်တော် မစ္စတာဘားမား” ဟုသော စာအုပ်အမည်ဖြင့် ထုတ်ဝေခဲ့သည်။ သို့သော် ယခင်အစိုးရလက်ထက် ထုတ်ဝေစဉ်က “ကျွန်တော် မြန်မာပြည်သား” ဟူ၍ နာမည်ပြောင်းထုတ်ဝေခဲ့ရသည်။ ယခုအကြိမ် ထုတ်ဝေသောအခါတွင်မူ စာမူရေးသားခဲ့သည့် အချိန်ကာလနှင့် ဖတ်ရှုရသည့် အရသာ မပျက်စေရန် ပထမအကြိမ် ထုတ်ဝေစဉ်က မူလအမည်ကို ပြန်လည်အသုံးပြုထားခြင်း ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|