|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- သေမင်းကို အာခံ ဝေယံက တိုက်ပွဲ (လေယာဉ်အပိုင်စီးမှု ဖြစ်ရပ်မှန်သတင်းဝတ္ထု)
-
-
Author(s):
ဖိုးကျော့
- Type: Myanmar Books
-
Category:
ဝတ္ထုရှည်
- No of Pages: 198
- Binding: Paperback
- Publication Month Year: Oct-2024
- Size: 12 cm x 18 cm
|
- Description: ၂၆.၆.၁၉၅၄ နေ့ရက်ထုတ် သတင်းစာများတွင် အကျယ်တဝင့်ပါရှိခဲ့သည့် မြန်မာပြည်၏ ပထမဦးဆုံး လေယာဉ်ပြန်ပေးဆွဲမှု ဖြစ်ရပ်မှန်သမိုင်းကြောင်း ဖြစ်စဉ်တွင် ပါဝင်ခဲ့သော ဗိုလ်သိန်းကျော်အား ကိုယ်တိုင်တွေ့ဆုံ မေးမြန်း၍ ဖြစ်ရပ်မှန်အခြေပြု ဝတ္ထုတစ်ပုဒ်အဖြစ် ရေးသားထားခြင်း ဖြစ်သည်။ ၁၉၅၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့ မြန်မာနိုင်ငံလေကြောင်း သယ်ယူပို့ဆောင်ရေးအဖွဲ့ (ယူဘီအေ)၏ စက်နှစ်လုံးတပ် လေယာဉ်သည် ရန်ကုန်မြို့မှ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နှင့် စစ်တွေမြို့သို့ လေယာဉ်မှူး မစ္စတာအေအီးဟဲ အပါအဝင် ခရီးသည် ၁၄ ဦးအား တင်ဆောင်ကာ ပျံသန်းလာခဲ့သည်။ ကောင်းကင်၌ ၁၅ မိနစ် ကြာ ပျံသန်းပြီးချိန်တွင် ခရီးသည်ဟန်ဆောင်ထားသည့် သောင်းကျန်းသူ သုံးဦးက လျှို့ဝှက်ယူဆောင်လာသော ခြောက်လုံးပြူး၊ လက်ပစ်ဗုံးများနှင့်အတူ လေယာဉ်ဦးပိုင်း စက်ခန်းသို့ ဝင်ရောက်ကာ မြေပုံညွှန်းအတိုင်း မြေပြင်သို့ ဆင်းသက်စေခဲ့သည်။ အစီအစဉ်မှာ ကရင်ပြည်နယ် တောင်ပေါ်ဒေသတွင် ဂျပန်စစ်သားများ ချန်ခဲ့သည့် လက်နက်ခဲယမ်းများကို သွားရောက်ရှာဖွေပြီး ယင်းလေယာဉ်ဖြင့် ဧရာဝတီတိုင်းသို့ သယ်ယူရန် ဖြစ်သည်။ စိတ်ကူးယဉ်ဆန်သည့် သည်းထိတ်ရင်ဖို ဇာတ်လမ်းတစ်ပုဒ်ကဲ့သို့ စိတ်ဝင်တစား ဖတ်ရှုခံစားရမည့် သတင်းဝတ္ထုတစ်ပုဒ် ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|