|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: ဗုဒ္ဓသာသနာပြန့်ပွားအောင် လုပ်ဆောင်ကြရာတွင်လည်းကောင်း၊ ရဟန်းတော်များ ဝိနည်းအာပတ်လွတ်အောင် ကျင့်သုံးနေထိုင်ရာတွင်လည်းကောင်း သာသနာ့အကျိုးဆောင် ကပ္ပိယတစ်ဦး၏ အရည်အချင်းသည် များစွာအရေးကြီးလှသည်။ ထိုကပ္ပိယတစ်ဦး၏ လုပ်ငန်းတာဝန်များ၊ သာသနာပြုရာတွင် အရေးပါပုံများ၊ သံဃာတော်များအား ဆည်းကပ်ဆက်ဆံနည်းများ၊ သံဃာတော်များအား ရွှေ, ငွေ, ရတနာ အပ်စပ်အောင် လှူဒါန်းနည်းများ၊ ပစ္စည်းလေးပါးနှင့် စပ်လျဉ်း၍ ပြုကျင့်ဖွယ်များအစရှိသည်တို့ကို ဤစာအုပ်တွင် စုံစုံလင်လင် ရေးသားရှင်းလင်းထားသည်။ ပါဝင်သော အခန်းခေါင်းစဉ်များမှာ ဝိနည်းဒေသနာတော်နှင့် ကပ္ပိယကာရက၊ ခဲဖွယ်ဘောဇဉ်နှင့် စပ်လျဉ်းသော ကပ္ပိယတာဝန်များ၊ ခဲဖွယ်ဘောဇဉ်နှင့် စပ်လျဉ်းသော ကပ္ပိယတာဝန်များ၊ ခဲဖွယ်ဘောဇဉ်ကို အပ်စပ်အောင်ပြုလုပ်၍ ဆက်ကပ်ခြင်း၊ ဖျော်ရည်၊ ဆေးနှင့် စပ်လျဉ်းသော ကပ္ပိယတာဝန်များ၊ သင်္ကန်း, ကျောင်းနှင့် စပ်လျဉ်းသော ကပ္ပိယတာဝန်များ၊ သင်္ကန်းနှင့် စပ်လျဉ်းသော ကပ္ပိယတာဝန်များ၊ ကျောင်း အိပ်ရာ နေရာတို့ကို အပ်စပ်အောင် လှူဒါန်းခြင်း၊ ရွှေ, ငွေ, ရတနာပစ္စည်းနှင့် စပ်လျဉ်းသော ကပ္ပိယတာဝန်များ၊ ရဟန်းတော်များနှင့် လူဒကာများ ဆက်ဆံရေးတို့ ဖြစ်ကြသည်။ ရဟန်းသံဃာများနှင့် ပြောဆိုဆက်ဆံရာတွင် ရဟန်းတော်များလည်း အာပတ်လွတ်၊ မိမိလည်း အကုသိုလ်အပြစ် မဖြစ်စေရန် နည်းပြထားသော စာအုပ်ကောင်းတစ်အုပ် ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|