|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
|
- Description: သာသနာတစ်ခေတ်တွင် သီလ သမာဓိ ပညာစသော ဂုဏ်သတင်းတို့ ထင်ရှားတော်မူလှသော၊ ကျမ်းဂန်စာပေများစွာကို ရေးသားတော်မူခဲ့သော၊ ပဋိပတ်လုပ်ငန်း၏ ရှေ့ဆောင်ဖြစ်တော်မူသော၊ သာသနာရေးဆိုင်ရာ အသင်းအဖွဲ့တို့ကို ဦးစွာဖွဲ့စည်းပေးတော်မူခဲ့သော ကျမ်းပြုစာချအကျော် တောရကျောင်းပျော် လယ်တီဆရာတော်၏ ထေရုပ္ပတ္တိအကျယ်ဖြစ်သည်။ စာအုပ်တွင် ရဟန္တာဟုကျော်ကြားသော ဆရာတော်၏ ဘဝဖြစ်စဉ်ကို အခန်း ၁၁ ခန်းခွဲခြားကာ အသေးစိတ် သုတေသနပြု ရေးသားပြုထားသည်။ ပါဝင်သော အခန်းအမည်များမှာ ဇာတိဒေသနှင့် ငယ်ရွယ်စဉ်ဘဝ၊ စာသင်သားဘဝ၊ စာချဘုန်းကြီးဘဝ၊ သင်္ဂြိုဟ်ဦးဝိုင်းကျောင်းဘုန်းကြီးဘဝ၊ လယ်တီတောရကျောင်း ဆရာတော်ဘဝ၊ ကျမ်းပြုအကျော် တောရပျော်ဆရာတော်ဘဝ၊ မဟာဓမ္မကထိက မဟာဂန္ထကာရက ပြည်တွင်းပြည်ပ သာသနာပြုဆရာတော်ကြီးဘဝ၊ အဂ္ဂမဟာပဏ္ဍိတနှင့် ဒီလစ်ဘွဲ့ရ ဆရာတော်ဘုရားကြီးဘဝ၊ လယ်တီဆရာတော်ဘုရားကြီး၏ အန္တိမစာပနပူဇော်ပွဲ၊ မုံရွာမြို့ လယ်တီကျောက်စာပြတိုက်ကြီး၊ လယ်တီသတင်းစာတို့ ဖြစ်ကြသည်။ နောက်ဆက်တွဲအနေဖြင့် ဆရာတော်၏ ကျမ်းစာများအကြောင်း၊ ဇာတာပုံစံတော်၊ ရူပနိကာယ သရုပ်ဖော်တေးထပ်၊ မွေးချင်းများ၊ မုံရွာရှိ ကျောက်ဆင်းတုတော်နှင့် ကျောက်စာများ အကြောင်းကိုလည်း ထည့်သွင်းပေးထားသည်။ ဆရာတော်၏ ပုံတော်များ၊ ရုပ်တုပုံများ၊ ပုံကားများ စုစုပေါင်း ၄ဝဝ ကျော်ကိုပါ ထည့်သွင်းရိုက်နှိပ်ထားသည်။ လယ်တီဆရာတော်အကြောင်းနှင့် ပတ်သက်၍ ထွက်ရှိသော ကျမ်းစာအုပ်များတွင် အပြည့်စုံဆုံးစာအုပ်ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|