|
Myanmar Books
Publishers
|
|
'ကျွဲကော'
,
'ဦးရွှေအောင်'
,
'ဆီးရီးယား'
,
'သိက္ခာပုဒ်'
,
'ပဟေဠိ'
,
'oxford advanced learner'
,
'ဗ.က.ပ'
,
'လင်းရောင်စင်'
,
'the light of asia'
,
'နတ်ချစ်'
,
'ဘယ်လ်ဂျီယန်'
,
'ဘဂျမ်း'
,
'လူ့စွမ်းအား'
,
'King Edward'
,
'ရှင်ပြု'
,
'zaw'
,
'ကြိမ်ပင်'
,
'spss'
,
'ဒဂုန်နတ်ရှင်'
,
'ဗီယက်နမ်'
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: သီလရှင်သက်တမ်း ၁၆ နှစ်ရှိ၍ ပထမငယ်တန်းနှင့် ပထမကြီးတန်းတို့တွင် မြန်မာတစ်နိုင်ငံလုံး၌ သီလရှင်ပထမရရှိခဲ့သူ ဒေါ်သစ္စဝါဒီသည် သီရိလင်္ကာနိုင်ငံ၌ M.A(Phil)ဘွဲ့အတွက် ပညာဆက်လက်သင်ကြားလျက်ရှိစဉ် ကိုလံဘိုမြို့ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် သီဟိုဠ်ဆရာတော်များကို အမှူးထား၍ ဘိက္ခုနီပြုခဲ့သည်။ ထိုသို့ပြုခြင်းအား ထေရဝါဒနိုင်ငံဖြစ်သော မြန်မာနိုင်ငံမှ တရားဝင်လက်ခံခြင်းရှိမရှိနှင့် ယနေ့ခေတ်ဝယ် ဘိက္ခုနီသာသနာရှိအပ်/မအပ်ကို နိုင်ငံတော်သံဃာမဟာနာယကအဖွဲ့က သဂါယနာအထောက်အထားများဖြင့် ဆုံးဖြတ်ခဲ့ပြီး ဘိက္ခုနီဝိနိစ္ဆယစာတမ်းကို ထုတ်ပြန်ခဲ့သည်။ ထိုဒေါ်သစ္စဝါဒီသည် စာတမ်းထုတ်ပြန်ပြီးနောက် သိရိလင်္ကာမှ မြန်မာနိုင်ငံသို့ ဘိက္ခုနီအသွင်ဖြင့် ပြန်လည်ဝင်ရောက်ခဲ့ရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က သီးခြား ဝိနည်းဓိုရ်အဖွဲ့ ဖွဲ့စည်းပြီး အမှုကို စတင်စစ်ဆေးခဲ့သည်။ ယခုစာအုပ်တွင် ဒေါ်သစ္စဝါဒီနှင့် စောဒကဆရာတော်တို့၏ စောဒနာလွှာနှင့် သောဓနာလွှာ(ပြန်လည်ချေပချက်)များကို ဖတ်ရှုရမည်ဖြစ်ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ နောက်ဆုံးဆုံးဖြတ်ချက်ကိုပါ ထည့်သွင်းဖော်ပြထားသည်ကို ဖတ်ရှုရမည်ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|