|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- ဇာတာရှိခိုး လူထိပ်မိုး ခြေတော်ပူဇော် ဟိုးဟိုးကျော်
-
-
Author(s):
ဦးကျော်ဇေယျ
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 70
- Binding: Paperback
- Publication Month Year: Mar-2005
- Size: 11 cm x 20 cm
|
- Description: ဂေါတမမြတ်စွာဘုရား အလောင်းအလျာမင်းသားကို ဖွားမြင်ပြီးနောက် ၅ ရက်ကြာတွင် ဗေဒင်သုံးပုံ တစ်ဖက်ရောက် တတ်မြောက်သည့် ပုဏ္ဏား ၁ဝ၈ ယောက်ကို ခေါ်၍ မင်းသား၏ လက္ခဏာနိမိတ်ကို စစ်ဆေးမေးတော်မူခဲ့သည်။ ထိုအခါ ပုဏ္ဏား ၇ ယောက်က စကြာမင်းဖြစ်လျှင်ဖြစ်လျှင်ဖြစ် မဖြစ်လျှင် ဘုရားဖြစ်မည်ဟု နိမိတ်ဖတ်ကြသော်လည်း သုဒတ္တ အမည်ရှိသော ပုဏ္ဏားငယ်ကမူ ဗုဒ္ဓလောင်းလျာ ကိုယ်တော်တွင် အထင်အရှား ပေါ်လွင်လျက်ရှိသည့် လက္ခဏာတော်အသွယ်သွယ်နှင့် ၁ဝ၈ ကွက်သော စက်တော်အစုံကို ကြည့်ရှုကာ ဘုရားပဲဖြစ်လိမ့်မည်ဟု အသေအချာ ဖတ်ကြားခဲ့သည်။ ထိုသို့ စိတ်ဝင်စားဖွယ် လက္ခဏာတော်များနှင့် စက်တော်များအကြောင်းကို ဤစာအုပ်တွင် အသေးစိတ်ဖတ်ရှုရမည်ဖြစ်သည်။ ဗုဒ္ဓမြတ်စွာ၏ ဇာတာတော်၊ မဟာပုရိသ လက္ခဏာတော်၊ ၁ဝ၈ ကွက် စက်အမှတ်အသား ပါရှိတော်မူသော ဗုဒ္ဓမြတ်စွာ၏ ခြေရာတော်၊ စက်လက္ခဏာထင်ခြင်း၏ အကြောင်းကံနှင့် အကျိုးများ၊ အောင်တစ်ရာ့ရှစ်ကွက် ဗုဒ္ဓစက်၊ အရှင်မဟာရဋ္ဌသာရ ဆရာတော်၏ စက်လက္ခဏာ ဘုရားရှိခိုး လင်္ကာကြီး၊ ခြောက်ထပ်ကြီး ရွှေသာလျောင်းဘုရားကြီး စက်လက္ခဏာတော်လင်္ကာ၊ စတုရင်္ဂအမတ်ကြီး ရေးသားဖွဲ့ဆိုခဲ့သော စက်လက္ခဏာတော် ရှိခိုးဂါထာ ၁၂ ပုဒ်အကြောင်း ပါရှိသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|