|
Myanmar Books
Publishers
|
|
'အဆီဖုံး'
,
'Eleanor Roosevelt'
,
'မရမ်းတလင်း'
,
'ဗုဒ္ဓဝင်'
,
'သခင်ဘဟိန်း'
,
'ဦဝိစာရ'
,
'WiFi'
,
'စာပေအရေးအသား'
,
'Mingun'
,
'ပီယ'
,
'ဇော်ဟိတ်'
,
'ဆိတ်မွေး'
,
'မွေး'
,
'ဆုံမှတ်'
,
'ဂယ်လီလီယို'
,
'ငွေသုံး'
,
'ဣရိယာ'
,
'marx'
,
'မြန်မာသဒ္ဒါ'
,
'ချန်ထရာဘို့စ်'
|
More ...
|
Top 10 Most Visited of This Week
Book Details
|
|
- Description: မော်ပီဆရာသိန်းကြီး ရေးသားခဲ့သော ရှေးတံဆိပ်တော်ရ ဆရာတော်တို့ စာတမ်းနှင့် မင်းလှသီရိသီဟသူ ရေးသားသော ရှေးနှောင်းထင်ပေါ် ဆရာတော် ၁ဝ၅ ပါး ထေရုပ္ပတ္တိ ကျမ်းစာငယ်နှစ်ဆူကို ပူးတွဲ ရိုက်နှိပ်ထားခြင်းဖြစ်သည်။ ရှေးတံဆိပ်တော်ရ ဆရာတော်တို့ စာတမ်းတွင် ရှင်မဟာသီလဝံသ၊ ရှင်ဥတ္တမကျော်၊ ရှင်မဟာရဋ္ဌသာရ၊ ရှင်အုန်းညို၊ ရှင်ခေမာ၊ တောင်တွင်းဆရာတော် ခင်ကြီးပျော်၊ ခင်ကြီးပြောင်၊ ရှင်အဂ္ဂသမာဓိ၊ မုံတောဆရာတော်အပါအဝင် တံဆိပ်တော်ရ ဆရာတော်များအကြောင်းကို အသေးစိတ်သိရှိရမည်ဖြစ်သည်။ ရှေးနှောင်းထင်ပေါ် ဆရာတော် ၁ဝ၅ ပါး ထေရုပ္ပတ္တိကျမ်းတွင် ရှေးအခါက ထင်ပေါ်ကျော်ကြားခဲ့ကြသော တံဆိပ်တော်ရသည့် ဆရာတော်များ၊ မရသည့် ဆရာတော်များ၊ ဂန္ထဝင်ကျော်ခဲ့သည့် ဆရာတော်များ၊ ဂန္ထဝင်မကျော်ကြားခဲ့သည့် ဆရာတော်များ စုပေါင်းပြီး ဆရာတော် ၁ဝ၅ ပါးအကြောင်းကို တင်ပြထားသည်။ ဆီးတောဆရာတော်၊ ဗားမဲ့ဆရာတော်၊ အတုလဆရာတော်၊ ညောင်ကန်ဆရာတော်၊ မုံတောဆရာတော်၊ ရွှေကျင်ဆရာတော်၊ ဆီးပန်းနီဆရာတော်၊ ကြည့်ကန်မောင်ရှင်ကြီး၊ မင်းကွန်းဆရာတော်၊ မုံရွေးဆရာတော်အပါအဝင် ဆရာတော် ၁ဝ၅ ပါးအကြောင်းကို ထေရုပ္ပတ္တိအကျဉ်းနှင့်တကွ ရရှိခဲ့သည့် ဘွဲ့တံဆိပ်တော်များစာရင်းများကိုပါ အကျဉ်းချုံး ရေးသားထားသည်ကို တွေ့ရသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|