|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
|
- Description: အီရတ်သမ္မတဟောင်း ဆက်ဒမ်ဟူစိန်အကြောင်း အစအဆုံးနှင့်တကွ အီရတ်နိုင်ငံ သမိုင်းကြောင်းကို ရေးသားထားသော စာအုပ်ဖြစ်သည်။ ဆက်ဒမ်ဟူစိန်ကို ကိုယ်ဝန်ရှိစဉ် သူ၏ မိခင် ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ရာ၌ ဂျူးမိသားစုတစ်စုမှ ကယ်တင်ခဲ့ရပုံ၊ ပထွေးနှိပ်စက်၍ အိမ်မှ ထွက်ပြေးခဲ့ပုံ၊ ကွန်မြူနစ်ခေါင်းဆောင်တစ်ဦးကို လုပ်ကြံရာ မအောင်မြင်၍ ပြည်ပသို့ ထွက်ပြေးခဲ့ရပုံ၊ ထို့နောက် ဘာ့သ်ပါတီအောင်ပွဲခံနိုင်ခဲ့သဖြင့် ပါတီနှင့် အစိုးရလုပ်ငန်းများကို ဦးစီးခဲ့ပုံ၊ ကျောင်းတော်ကရန်စကြောင့် အီရန်နှင့် စစ်ဖြစ်ခဲ့ရပုံ၊ ကူဝိတ်ကို ရေနံတည်းဟူသော မတော်လောဘကြောင့် သိမ်းပိုက်မိရာမှ အရှက်ကွဲရှုံးနိမ့်ခဲ့ရသည့် ပင်လယ်ကွေ့စစ်ပွဲ၊ အာဏာရှင်ဖခင်ကဲ့သို့ လက်သံပြောင်သည့် သား အူဒေးနှင့် ကူဆေးအကြောင်းနှင့် သူတို့၏ လူမဆန်သည့် လုပ်ရပ်များအကြောင်း၊ ကန္တာရမြေခွေးစစ်ဆင်ရေးအပြီး ခွေးပြေးဝက်ပြေး ပြေးခဲ့ရသည့် သူတို့သားအဖ၊ နောက်ဆုံး ကြက်ကလေးလို ငှက်ကလေးလို ဆက်ဒမ်ကို ဖမ်းမိခဲ့ပုံနှင့် ကြိုးပေးခဲ့ပုံ၊ သူ၏ နောက်ဆုံးနှုတ်ဆက်စာအကြောင်းအပါအဝင် ဆက်ဒမ်ဘဝအကြောင်းကို အသေးစိတ် မှတ်တမ်းတင်ရေးသားထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|