|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- သင်္ဂါယနာ သုံးတန်
-
-
Author(s):
ဝဏ္ဏသီရိ
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 343
- Binding: Paperback
- Publication Month Year: May-2009
- Size: 13 cm x 21 cm
|
- Description: ထေရဝါဒ သာသနာတော်ကြီးတစ်ရပ်လုံးကို ရွှေရောင်တဝင်းဝင်းနှင့် ဗိမာန်တော်ကြီးတစ်ခု အနေဖြင့် တင်စားကြည့်မည်ဆိုလျှင် သင်္ဂါယနာသုံးတန်သည် ထိုဗိမာန်ကြီး၏ အုတ်မြစ်ပင်ဖြစ်သည်။ ထေရဝါဒ သာသနာတော်ကြီး ပေါ်ထွန်းလာရန်အတွက် သာသနာစောင့် မထေရ်ကြီးများ ခေတ်အဆက်ဆက် ကြိုးစားအားထုတ်ခဲ့ရပုံ၊ အန္တရာယ်အသွယ်သွယ်တို့မှ ကာကွယ်စောင့်ရှောက်ခဲ့ရပုံနှင့် ထိုမထေရ်မြတ်တို့၏ ဂုဏ်ကျေးဇူး အစုံအလင်တို့ကို ဤစာအုပ်တွင် ဖတ်ရှုကြည်ညိုကြရမည်ဖြစ်သည်။ ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီး သုံးလအကြာတွင် ကျင်းပခဲ့သည့် ပထမသင်္ဂါယနာ၊ နှစ် ၁ဝဝ အကြာတွင် ကျင်းပခဲ့သည့် ဒုတိယသင်္ဂါယနာ၊ ၂၃၅ နှစ်မြောက်တွင် ကျင်းပခဲ့သည့် တတိယသင်္ဂါယနာတို့တွင် အရှင်မဟာကဿပ စသော မထေရ်ကြီး၏ တပည့်သာဝက အဆက်ဆက်တို့က ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာတို့ကို ဖြည့်စွက်ခြင်း၊ ပယ်နုတ်ခြင်း မရှိပဲ ဆောင်ယူမှတ်လာခဲ့ကြသည်။ ထိုသို့ ဆောင်ယူလာခဲ့ပုံများကို စာရေးသူက သင်္ဂါယနာသုံးတန်ဆိုင်ရာ ဖွင့်ဆိုချက်များ၊ အဋ္ဌကထာများ၊ ဋီကာအဆိုအမိန့်များ၊ ပါဠိတော်များမှ ထုတ်နုတ်ကာ စိတ်ဝင်စားဖွယ် ရေးသားခြင်းဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|