|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: ၂ဝဝ၇ ခု မေလတွင် ကျရောက်သော အမေနေ့မှစတင်၍ စာရေးသူသည် သူ၏ မိခင်ကျေးဇူးကို အောက်မေ့ကာ အမေဂုဏ်ပြု ကဗျာ၊ စာညွှန်း၊ ကျန်းမာရေးပညာပေး ဆောင်းပါးများကို ဆက်တိုက် ရေးသားခဲ့သည်။ ၎င်းတို့အနက်မှ ကျန်းမာရေးဆောင်းပါးများကို စုစည်းကာ ယခုကဲ့သို့ စုစည်းထုတ်ဝေထားခြင်းဖြစ်သည်။ အမေလောင်းတို့ ကျန်းမာရေး၊ မိခင်၏ စိတ်ပျိုကိုယ်နုရေး၊ ရင်သွေးများအတွက် အဟာရ၊ အမျိုးသမီးများနှင့် AIDS၊ မိခင်များနှင့် ခုခံအားကျဆင်းမှုရောဂါ အရေပြားနာ၊ အစာမကြေ လေထဗိုက်နာခြင်း၊ အမျိုးသမီးများနှင့် ဝမ်းလျှောက်ဝမ်းကိုက်ခြင်း၊ အမျိုးသမီးများနှင့် အဖြူဆင်းခြင်း၊ သတိထားပါ အမျိုးသမီး ရင်သားကင်ဆာ၊ ပျော်ရွှင်သော အိမ်ထောင်မှု၊ အမေအတွက် အမေးဆယ်ချက်၊ ကိုလက်စထရော၊ နှလုံးနှင့် သွေးတိုး၊ မိန်းမများနှင့် အရိုးပါးရောဂါ၊ အမျိုးသမီးများနှင့် လေဖြတ်ခြင်း၊ အမျိုးသမီးများနှင့် နှလုံးလေဖြတ်နာ၊ အမျိုးသမီးများနှင့် ပိန်လွန်း ဝလွန်းခြင်း၊ အမျိုးသမီးများနှင့် အဆစ်အမြစ်ကိုက်ရောဂါများအပါအဝင် ဆောင်းပါး ၂၅ ပုဒ်ပါရှိသည်။ အကြောင်းအရာများကို အသေးစိတ် မရှင်းလင်းထားသော်လည်း မိခင်ရွယ်များ သိစရာများကို စုံစုံလင်လင် တိုတိုနှင့် လိုရင်း ဒိုးဒိုးဒေါက်ဒေါက် ရှင်းပြထားသည့်အတွက် အမျိုးသမီးတို့ ဘဝတွက်တာ ဆောင်စရာ ရှောင်စရာများကို ခြုံငုံ သိရှိသွားစေမည့် စာအုပ်ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|