|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: ကျူးဘားပြည် လက်နက်ကိုင်တော်လှန်ရေးကာလအတွင်း၌ လည်းကောင်း၊ ကျူးဘားပြည် ဆိုရှယ်လစ်စနစ်တည်ဆောက်ရေး ကာလအတွင်း၌ လည်းကောင်း ထင်ရှားကျော်ကြားခဲ့ပြီး ကျူးဘားတွင် ကပ်စထရို အာဏာရလာပြီးနောက် ဝန်ကြီးအဖွဲ့တွင် တာဝန်ထမ်းဆောင်နေရာမှ ဘိုလီးဗီးယားတော်လှန်ရေးအတွက် ပြောက်ကျားစစ်ခေါင်းဆောင်အဖြစ် တောတွင်းသို့ ပြန်ဝင်ခဲ့သူ ရဲခေါင်ပြောက်ကျား ချေဂွေဗားရားအကြောင်းကို အစအဆုံး သိရှိကြရမည့် စာအုပ်ဖြစ်သည်။ သူ၏ ငယ်စဉ်တောင်ကျေး ကလေးဘဝမှ ဘိုလီးဗီးယားပြည်တွင် ကျဆုံးခဲ့ရသည်အထိ သူ့ဘဝခရီးလမ်းတစ်လျှောက်လုံးကို သူ၏ လုပ်ဆောင်ကြိုးပမ်းချက်များ၊ သူ၏ လှုပ်ရှားသွားလာခဲ့မှုများ၊ သူ၏ ရုန်းကန် တိုက်ခိုက်ခဲ့မှုများ၊ သူ၏ အတွေးအခေါ်၊ ယုံကြည်ချက်၊ ခံယူချက်၊ သူ၏ ကမ္ဘာကျော်ပြောက်ကျားသဘောတရားများနှင့်အတူ နောက်ဆုံး တိုက်ပွဲတစ်ခုတွင် ဘိုလီးဗီးယားစစ်တပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ထောင်တွင်းတွင် လူမသိ သူမသိ လက်စဖျောက် သုတ်သင်သတ်ဖြတ်ခြင်း ခံခဲ့ရပုံများအထိ အသေးစိတ် ရေးသားထားသည်။ သူ၏အကြောင်းနှင့်အတူ သူကျင်လည်ခဲ့သည့် လက်တင်အမေရိကနိုင်ငံများအကြောင်းနှင့် ထိုခေတ်ထိုအခါ၏ နိုင်ငံရေး စစ်ရေးအကြောင်းများကိုလည်း ခြုံငုံတင်ပြထားသည်ကို တွေ့ရသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|