|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: မြန်မာ့ရာဇဝင်သမိုင်းများလာ စလေဦးပုညသည် စာဆိုတော်တစ်ဦးဟု လူသိများသလို ဗေဒင်ကျော်ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်သည်။ သူငယ်စဉ်က မုံရွေးဆရာတော်နှင့် ကြက်သွန်ခင်းဆရာတော်တို့က သူ၏ ဇာတာကို တွက်စစ်ပြီး ဗေဒင်တွက်ကြည့်သော် ကျော်ဇောထင်ရှားမည့်သူဖြစ်သော်ငြားလည်း သူတစ်ပါး ပယောဂဖြင့် အသက်အန္တရာယ်ဖြစ်စေမည်ဖြစ်ကြောင့် ဟောကြားခဲ့သည်။ ဦးပုညသည် အရွယ်ရောက်လာသောအခါ စာပေနှင့်တကွ ဗေဒင်ပညာကိုပါ လေ့လာလိုက်စားခဲ့ရာ ထူးချွန်ထက်မြက်ခဲ့ပြီး နန်းတွင်းသို့တိုင် ရောက်ရှိခဲ့သည်။ နန်းတွင်းတွင် အရေးအရာပေါ်တိုင်း အခါရာသီ တွက်စစ်၍ ဗေဒင်ကိန်းခန်းများကို လျှောက်ထားရလေရာ မင်းတုန်းမင်းကိုယ်တိုင် ဦးပုည၏ ဗေဒင်ပညာကို ချီးမွမ်းခဲ့ပြီး သူကောင်းပြုခဲ့သည်။ သို့သော် မြင်းကွန်း မြင်းခုန်တိုင် အရေအခင်းတွင် သူပုန်များဘက်မှ အခါပေးမိ၍ ရာထူးချထားခြင်းခံရသည်။ ရာထူးချ အကျဉ်းခံစဉ်အတွင်း သူအားအကျဉ်းချထားသည့် ဦးသာအို၏အိမ်မှ ဦးသာအို၏ မယားငယ်ကို ဗေဒင်ဟောမိသဖြင့် ဦးသာအို၏ အထင်လွဲခြင်းခံရကာ အသတ်ခံခဲ့ရသည်။ အသတ်မခံရခင် “သိလျက်ပင်၊ ဝိပါတ်တကယ်ထင်လို့၊ ရွှေဉာဏ်ရှင် မဝေခွဲနိုင်ဘု၊ ပွဲတွေ့အမှား”ဟူ၍ ကဗျာစပ်ခဲ့သေးသည်။ ယခုစာအုပ်တွင် ဦးပုညသည် သူတတ်မြောက်ထားသော ဗေဒင်ဟောကိန်းတို့ကို နောင်လာနောင်သားများ မှတ်သားလွယ်စေရန် ကဗျာလင်္ကာဖြင့် ဖွဲ့ဆိုထားခဲ့သည်များကို လေ့လာဖတ်ရှုရမည်ဖြစ်ပြီး ဗေဒင်ရကန် ၄ ပုဒ်၊ ဗေဒင်တေးထပ် ၇၉ ပုဒ်၊ ဗေဒင်လင်္ကာ ၃ ပုဒ်တို့ကို တစ်စုတစ်စည်းတည်း လေ့လာဖတ်ရှုကြရမည်ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|