|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: နရသုခိမဂ္ဂဇင်းပါ စာရေးသူ၏ ဘိုးတော်သုတေသနဆောင်းပါးများကို စုစည်းထုတ်ဝေထားခြင်းဖြစ်သည်။ စာအုပ်တွင် ထွက်ရပ်ပေါက် ဘိုးတော်များစွာအနက်မှ “ဘိုးမင်းခေါင်”မည်သော ဘိုးတော်တစ်ပါးနှင့် ပတ်သက်သည့် အကြောင်းခြင်းရာများစွာကို ရှေ့မီနောက်မီ ပတ်သက်ရာ ပတ်သက်ကြောင်း ပုဂ္ဂိုလ်နှင့် တွေ့ဆုံမေးမြန်းခြင်းဖြင့် လည်းကောင်း၊ ထွက်ရှိသမျှ လက်လှမ်းမီရာ စာအုပ်စာတမ်းများကို လေ့လာဖတ်ရှုသုံးသပ်ခြင်းတို့ဖြင့် လည်းကောင်း ဘိုးတော်အကြောင်းများကို ဆယ်စုနှစ်တစ်နှစ်ကျော်မှ ထဲထဲဝင်ဝင် လေ့လာသုတေသပြုစုထားသည်များကို ဖတ်ရှုကြရမည်ဖြစ်သည်။ ဘိုးမင်းခေါင် ကန်တော့ပွဲပေးနည်း၊ ကြားခံလူမလိုသော အဘဘိုးမင်းခေါင်၊ လူစင်စစ်လော၊ ဖန်ဆင်းရုပ်လော၊ ရုပ်ခွံက အာစိဏ္ဏ အတွင်းက ဘိုးမင်းခေါင်၊ ထီးချိုင့်မြို့က အောင်မင်းခေါင်၊ ဝေဘူဆရာတော်နှင့် ဘိုးမင်းခေါင်၊ ဘိုးမင်းခေါင်သည် အာရုံလော၊ ထွက်ရပ်ပေါက် အဓိပ္ပာယ်၊ ထွက်ရပ်ပေါက်ရခြင်း အကြောင်းရင်း၊ အသေထွက်နှင့် အရှင်ထွက်၊ အရှင်ထွက်သည့် မာယာများ အပါအဝင် အခန်း ၁၄ ခန်းခွဲကာ စာအုပ်တွင် တင်ပြထားသည်။ ဝိဇ္ဇာဓရ ဂမ္ဘီရလောကအပေါ် စိတ်ဝင်စားသူများနှင့် ဘိုးမင်းခေါင်က ဆည်းကပ်ကြသူများ ဖတ်ရှုလေ့လာသင့်သည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|