|
Myanmar Books
Publishers
|
|
'လူသတ်'
,
'ဇောတိက'
,
'စိန်ဝင်း'
,
'songs'
,
'စူပါပါဝါ'
,
'မြပုလဲသွယ်'
,
'ဗိုလ်တာရာ'
,
'Merchandise Mark'
,
'ကိုရီးယား စကားပြော'
,
'Lev Tolstoy'
,
'ဟယ်ရီပေါ်တာနှင့်'
,
'စနိုးဝှိုက်'
,
'သက်တံရောင် စိတ်ကူးမျာ'
,
'Fingerstyle'
,
'ကတ္တား'
,
'ဖာတစ်လုံး ခေါင်းကျား'
,
'ဦးသီဟံ'
,
'မေနှင်း'
,
'android phone'
,
'Real Lives'
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
|
- Description: ဤစာအုပ်တွင် ရဲဘော်သုံးကျိပ်ဟူ၍ ဖြစ်ပေါ်လာပုံ အဆင့်ဆင့်၊ မြန်မာနိုင်ငံတွင် လူစုပြီး ဂျပန်နိုင်ငံသို့ အသုတ်များခွဲ၍ လျှို့ဝှက်ထွက်ခွာခဲ့ကြပုံ၊ ဂျပန်ပြည်တွင် စစ်ပညာသင်ကြားခဲ့ပုံများ၊ စစ်ပညာသင်ပြီးနောက် မြန်မာနိုင်ငံသို့ ယိုးဒယားဘက်မှ ဝင်ရောက်ကာ အင်္ဂလိပ်တို့အား တိုက်ထုတ်ခဲ့ပုံများ၊ မြန်မာလွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းစဉ်တွင် ပါဝင်ခဲ့သည့် ရဲဘော်သုံးကျိပ်တို့၏ အခန်းကဏ္ဍများကို ဦးစွာ နိဒါန်းအနေဖြင့် ဖတ်ရှုကြရမည်ဖြစ်သည်။ ထို့နောက် ရဲဘော်သုံးကျိပ်အကြောင်း ပြောလျှင် မပါမဖြစ်သည့် ဂျပန်လူမျိုး ဗိုလ်မိုးကြိုး (ဗိုလ်မှူးကြီး ဆူဇူကီး)အကြောင်းကို ဆက်လက်ဖတ်ရှုကြရမည်ဖြစ်သည်။ ထို့နောက် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်ရှုမောင် (ဦးနေဝင်း)၊ ဗိုလ်မှူးအောင်၊ သခင်ထွန်းအုပ်၊ ဗိုလ်လကျ်ာ၊ ဗိုလ်မှူးတာရာ အပါအဝင် ရဲဘော်သုံးကျိပ်ဝင် တစ်ဦးစီ၏ အတ္ထုပ္ပတ္တိကို သူတို့၏ နိုင်ငံရေး စစ်ရေးလှုပ်ရှားမှု၊ သူတို့၏ ခံယူချက်သဘောထား၊ မျိုးချစ်စိတ်များနှင့်အတူ စာရေးသူ တက္ကသိုလ်စိန်တင်က သူ၏ သွက်လက်သော ကလောင်အားဖြည့်တင်းကာ စိတ်ဝင်စားဖွယ် ရေးသားထားသည်။ စာရေးသူ တက္ကသိုလ်စိန်တင်သည် ဤစာအုပ်ကို ပြုစုရန်အတွက် ဤစာအုပ်ရေးသားစဉ်က သက်ရှိထင်ရှားရှိနေခဲ့ကြသေးသည့် ရဲဘော် သုံးကျပ်ဝင်များဖြစ်ကြသော ဗိုလ်မှူးလရောင်၊ ဗိုလ်မှူးဗလ၊ ဗိုလ်မှူးစောနောင်၊ ဗိုလ်မှူးမင်းရောင်၊ ဗိုလ်မှူးဇင်ယော်၊ ဗိုလ်မှူးဘုန်းမြင့်တို့အား ကိုယ်တိုင်သွားရောက် တွေ့ဆုံမေးမြန်းကာ သူတို့၏ ကိုယ်တွေ့ပြောပြချက်များကို မှီး၍ ရေးသားပြုစုထားခြင်းဖြစ်သည်ဟု ဆိုသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|