|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
|
- Description: ဗုဒ္ဓမြတ်စွာ ဒေသနာအရ ပဋိစ္စသမုပ္ပါဒ်တရားတော်ကို အလွယ်တကူ နားလည်သဘောပေါက်စေရန် ရည်ရွယ်၍ ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ကြီးသည် လင်္ကာဆောင်ပုဒ် ၂ ပုဒ်ရေးသား စီရင်တော်မူခဲ့ရာ ထိုလင်္ကာဆောင်ပုဒ် ၂ ပုဒ်အနက်မှ “မူလနှစ်ဖြာ၊ သစ္စာနှစ်ခု”အစရှိသော ၂ နံပါတ်လင်္ကာ၏ အဓိပ္ပာယ်ကို မိုးကုတ်ဆရာတော်၏ ဥပနိဿယအတိုင်း ဝိပဿနာတရားပြသလျက်ရှိသော ပတ္တမြားရိပ်သာဆရာတော်၏ အကျယ်ဖွင့်ဆို ဟောကြားထားခြင်းဖြစ်သည်။ ပတ္တမြားရိပ်သာဆရာတော်သည် ဤတရားတော်ကို ပဋိစ္စသမုပ္ပာဒ် ဒေသနာသင်တန်းတရားတော်အနေဖြင့် ပို့ချဟောကြားခဲ့ခြင်းဖြစ်သည်။ ပါဝင်သော တရားခေါင်းစဉ်များမှာ မကျဉ်းမကျယ် ဤရှစ်သွယ်(အခြေခံ)၊ အဝိဇ္ဇာ တဏှာသတ်မှ ချမ်းသာရ(မူလနှစ်ဖြာ)၊ ဆုတောင်းရှည်လေ အသက်သေ(သစ္စာနှစ်ခု)၊ ခန္ဓာအထပ်ထပ် ကျိုးမနပ်(လေးခုအလွှာ)၊ အကန်းလမ်းသွား ဥပမာပြ(အင်္ဂါ ၁၂ ပါး)၊ သုံးပါးအစပ် စက်ရဟတ်(သုံးပါးအစပ်)၊ နှစ်ရပ်သံသရာ ဖြစ်ကြောင်းရှာ(နှစ်ရပ်မူလ)၊ ဝဋ်စက်သံသရာ ထွက်ကြောင်းရှာ(ဝဋ်သုံးဝ)၊ သုံးဖြာကာလ သုံးဘဝ(ကာလသုံးဖြာ)၊ ခြင်းရာ ၂ဝ ဟောဉာဏ်ကျယ် (ခြင်းရာ ၂ဝ)၊ ပဋိပဒါ ကျင့်နှစ်ဖြာ(ပဋိပဒါသုတ်)၊ ဇရာမရဏဘေး လွတ်မြောက်ရေး (ဝိပဿီသုတ်)တို့ဖြစ်ကြသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|