|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
|
- Description: ၂ဝ ရာစု မြန်မာစာပေအကြောင်းကို လေ့လာမည်ဆိုလျှင် လက်မလွတ်တမ်း လေ့လာကြည့်ရှုရမည့် မဂ္ဂဇင်းများအနက် ဂန္ထလောက မဂ္ဂဇင်းသည်လည်း တစ်စောင်အပါအဝင်ဖြစ်သည်။ ထိုမဂ္ဂဇင်းသည် “ခေတ်စမ်းစာပေ”ဟု အမည်တွင်လာသော စာပေ ပေါ်ပေါက်လာရာတွင်လည်းကောင်း၊ နိုင်ငံခြား ဘာသာစာပေမှ မြန်မာဘာသာသို့ ပြန်ဆိုရေးသားမှုကို မြေတောင်မြှောက်ရာတွင်လည်းကောင်း အထောက်အကူပြုကာ အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ထိုမဂ္ဂဇင်း၏ စာတည်းအဖြစ် ဆောင်ရွက်ခဲ့သူများတွင် သခင်သသောင်း၊ ဦးစိန်တင်(သိပ္ပံမောင်ဝ)၊ ဆရာကြီး မင်းသုဝဏ်၊ ဆရာကြီးတက်တိုးတို့ ပါဝင်ခဲ့ကြသည်။ ယခုစာအုပ်တွင် ၁၉၂၈ ခုနှစ်မှ ၁၉၃၅ ခုနှစ်အတွင်း ထုတ်ဝေခဲ့သည့် ထိုမဂ္ဂဇင်းကြီး၏ ခေါင်းကြီးပိုင်းများကို တစ်စုတစ်စည်းတည်း လေ့လာနိုင်အောင် စုစည်းပေးထားသည်။ အကြောင်းအရာများမှာ ကိုလိုနီခေတ် ပညာရေး၊ စာပေရေးရာ၊ ဓလေ့ထုံးစံ၊ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များကို မီးမောင်းထိုးပြထားခြင်းဖြစ်သည်။ မြန်မာစာပေ၊ မြန်မာသမိုင်း လေ့လာသူတိုင်း လက်မလွတ်တမ်း ဖတ်ရှုလေ့လာသင့်သည့် စာအုပ်ကောင်း တစ်အုပ်ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|