|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
- သီမာသံခိပ်နိယံ အဖွင့်ကျမ်း
-
-
Author(s):
ဘဒ္ဒန္တဝိမလာနန္ဒ
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 146
- Binding: Paperback
- Publication Month Year: Jan-2010
- Size: 13 cm x 19 cm
|
- Description: “ချုံမှာ ကလိမ်၊ သဒ္ဒါမှာ လိင်၊ ဝိနည်းမှာ သိမ်”ဟု ပြောရိုးစကားအရ သိမ်သမုတ်ကံဆောင်မှုသည် ခက်ခဲသော အရာဌာနဖြစ်သည်။ သိမ်ရှိမှ ကံဆောင်နိုင်မည် ဖြစ်သလို ကံဆောင်နိုင်မှသာလျှင် သံဃာဆိုသည်မှာ ရှိမည်ဖြစ်သည်။ သံဃာရှိမှသာ သာသနာတည်မည်ဖြစ်သည်။ ထိုသို့ သာသနာတော်၏ ရေသောက်မြစ်သဖွယ်ဖြစ်သော သိမ်နှင့် ပတ်သက်၍ သိကောင်းဖွယ်ရာများနှင့် ဝိနိစ္ဆယများကို ဤစာအုပ်တွင် အစုံအလင် လေ့လာနိုင်ကြမည်ဖြစ်သည်။ သိမ်နုတ် သိမ်သမုတ် အစီအစဉ်၊ သိမ်မည်ပုံနှင့် သိမ်အမျိုးအမည်များ၊ သိမ်နိမိတ်ကြားနည်း အမျိုးမျိုး၊ သိမ်အမျိုးမျိုး သိကောင်းစရာများ၊ ကျောက်ဖျာပေါ်၌ သမုတ်အပ်သော သိမ်၊ လိုဏ်၌ သမုတ်အပ်သော သိမ်၊ တောင်ထိပ်၌ သမုတ်အပ်သော သိမ်အပါအဝင် သိမ်အမျိုးမျိုးအကြောင်း၊ ဆက်စပ်ကောင်းသော သိမ်၊ မဆက်စပ်ကောင်းသော သိမ်၊ သိမ်နုတ်ဝတ္တရားများ၊ သိမ်နုတ်နည်း၊ ကမ္မဝါစာဖတ်ပုံ နည်းမျိုးစုံ၊ သိမ်မြေပန္နက် ညောင်စောင်းကွက်ချပုံ ဇယားကွက်အပါအဝင် သိမ်နှင့်ပတ်သက်သည့် အကြောင်းအရာစုံ ၈ဝ ကျော်ပါရှိသည်။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဦးကုမာရမှ အမှာစာရေးသားချီးမြှင့်ထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|