|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- ကုသသမဂ္ဂပေါ်မှ အမြင်
-
-
Author(s):
ရဲတင့်
- Type: Myanmar Books
-
Category:
နိုင်ငံရေး
- No of Pages: 573
- Binding: Paperback
- Publication Month Year: Aug-2010
- Size: 15 cm x 22 cm
|
- Description: မြန်မာသာမက ကမ္ဘာကပါ လေးစားဂုဏ်ယူခဲ့ကြသည့် ဦးသန့်သည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်တာဝန်ကို ထမ်းဆောင်စဉ်ကာလအတွင်း သူတွေ့ကြုံခဲ့ရသည်များကို အင်္ဂလိပ်ဘာသာဖြင့် မှတ်တမ်းတင်ရေးသားခဲ့ရာ ထိုမှတ်တမ်းများကို စုစည်း၍ ယခုကဲ့သို့ စာအုပ်အဖြစ် ဘာသာပြန် ထုတ်ဝေထားခြင်းဖြစ်သည်။ စာအုပ်တွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရှာပုံတော်၊ ဦးသန့်၏ ငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်ချက်များ၊ ဗီယက်နမ်စစ်ပွဲ ငြိမ်းချမ်းရေးလှို့ဝှက် ရှာပုံတော်၊ ကွန်ဂိုအရေးအခင်း၊ ကျူးဘားဒုံးပျံ အကျပ်အတည်း၊ အရှေ့အလယ်ပိုင်း ပဋိပက္ခ၊ အာရပ်-အစ္စရေး ၆ ရက်စစ်ပွဲ၊ ဒိုမီနီကန် အရေးအခင်း၊ ချက်ကိုဆလိုဗက်ကီးယား အရေးအခင်း၊ အိန္ဒိယ-ပါကစ္စတန် ပဋိပက္ခမှသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသစ် ပေါ်ပေါက်လာပုံအထိ သူ၏ ကိုယ်တွေ့ပါဝင် ပတ်သက်ဖြေရှင်းခဲ့ပုံများ၊ နိုင်ငံတကာ ခေါင်းဆောင်များအပေါ် ဦးသန့်၏ အမြင်နှင့် သူ အထွေထွေ အတွင်းရေးမှူးချုပ်တာဝန် ထမ်းဆောင်ခဲ့သည့် ၁ဝ စုနှစ်တာကာ လုပ်ဆောင်ချက်များကို ပြည့်ပြည့်စုံစုံ မှတ်တမ်းတင် ရေးသားထားသည်ကို တွေ့ရသည်။ ဦးသန့်က ဤမှတ်တမ်းကို ပြုစုခြင်းအားဖြင့် အောက်ပါမေးခွန်းများကို အဖြေပေးရန် ကြိုးစားထားသည်ဟုလည်း ဆိုထားသည်။ ၎င်းတို့မှာ ၁ဝ စုနှစ်အတွင်းမှာ ကျွန်တော် ဘာတွေ လေ့လာခဲ့သလဲ၊ ကျွန်တော်၏ လုပ်ငန်းတာဝန်များအပေါ် ဘယ်လိုသဘောထားသလဲ၊ အခွင့်အခန်းများ၊ စိန်ခေါ်ချက်များကို ဘယ်လို တုန့်ပြန်ခဲ့သလဲ၊ အတွင်းရေးမှူးချုပ်အဖြစ် ကျွန်တော်နှင့် တွေ့ဆုံ၊ ဆက်ဆံခဲ့ရသော ပုဂ္ဂိုလ်များ၊ ပြဿနာများအပေါ် ကျွန်တော့်သဘောထားနှင့် သုံးသပ်ချက်တွေက ဘာတွေလဲတို့ ဖြစ်ကြသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|