|
Myanmar Books
Publishers
|
|
'ဖရဲသီး'
,
'တွေးခေါ်ရှင်'
,
'လိပ်စာ'
,
'ရေဆိုး'
,
'ထွန်းရီ (ရှေးဟောင်းသုတေသီ)'
,
'အားကစား'
,
'data bank of industrial chemic'
,
'မဟာသမယသုတ်'
,
'၂ဝ၁ဝ ရွေးကောက်ပွဲ'
,
'အဆစ်'
,
'အရှို'
,
'ဘဒ္ဒိယသုတ်'
,
'နွားတရားစီရင်ခန်း'
,
'ဗြိတိသျှ'
,
'ရှာဖွေနည်း'
,
'ဘူမီဘော'
,
'သမုဒ္ဒရာ'
,
'စန္ဒယား'
,
'ဂျာနယ်ကျော်'
,
'sme'
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: ကာယဗလဦးရှိန်နှင့် ညီအစ်ကိုတော်သူ၊ မျက်နှာထားတင်းတင်း သုန်သုန်မှုန်မှုန်ဖြစ်နေသော မျက်နှာပြင်တို့ကြောင့် ပဂျီငိုဟု မှည့်ခြင်း ခံခဲ့ရပုံ၊ ပီမိုးနင်းကဲ့သို့ ကြီးပွားချမ်းသာရေး ကျမ်းစာများရေးသားသော်လည်း မိမိစာရေးသည့်အတိုင်း လက်တွေ့ကျင့်သုံးခဲ့၍ ရည်ရွယ်ချက်များ ထမြောက်အောင်မြင်ခဲ့သူ၊ ပညာဝန်ဦးဖိုးကျား၊ ဆရာတက်တိုးတို့ ကလောင်သွေးရာ “တိုးတက်ရေး”မဂ္ဂဇင်းကို မွေးထုတ်ပေးခဲ့သူ၊ မဂ္ဂဇင်းလောကမှ သတင်းစာလောကအထိ အောင်မြင်စွာ ထိုးဖောက်နိုင်ခဲ့သူ၊ အလုပ်လုပ်ရာတွင် အလွန်စေ့စပ်သေချာသူ၊ သက်ကြီးပိုင်းရောက်၍ ဝိပဿနာနယ်ထဲရောက်ရှိသောအခါတွင်လည်း သာမန် ဝိပဿနာ ဘာဝနာပွားများ အားထုတ်သော ယောဂီတစ်ဦးထက် ကျော်လွန်၍ “ပရိယတ္တိ” “ပဋိပတ္တိ” “ပဋိဝေဓ”တို့ကို အတိုကောက်ပြုထားသည့် “ပ”သုံးလုံးဟူသော ဝိပဿနာဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်နိုင်ခဲ့သူ ဝိပဿနာတရားပြဆရာကြီး ဦးပဂျီငို၏ အတ္ထုပ္ပတ္တိ အပြည့်အစုံစာအုပ်ဖြစ်သည်။ သူ့ဘဝ သူ့အကြောင်းနှင့်တကွ သူ၏ တပည့်ရင်းများဖြစ်ကြသည့် ဆရာတော်ဦးကုသလ၊ ဦးတိလောက၊ ဦးဇောတိက၊ ဆရာကြီး၏ ဇနီးဒေါ်မြညွှန့်တို့ ပြောပြသည့် ဆရာကြီး၏ ပုံရိပ်များကိုပါ ထည့်သွင်းထားသည်။ ဤကျမ်းပြုစုသူ စာရေးသူသည် ဤစာအုပ်ဖြင့် ထွန်းဖောင်ဒေးရှင်း စာပေဆု (အတ္ထုပ္ပတ္တိ ဘာသာရပ်)ကို ဆွတ်ခူးနိုင်ခဲ့သည်။ ထွန်းဖောင်ဒေးရှင်း၏ စာအုပ်အကြောင်း မှတ်ချက်ကို စာမြည်းရန်တွင် ဖတ်ရှုနိုင်ပါသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|