|
Myanmar Books
Publishers
|
|
'Rex Begonia Vine'
,
'pen myanmar'
,
'program'
,
'russia'
,
'သီလက္ခံ'
,
'adjuncts'
,
'သူငယ်တန်း'
,
'ဗိုလ်ကလေးတင့်အောင်'
,
'စိတ်စွမ်းအား'
,
'Gems'
,
'leadership'
,
'သေ့ဘောဘိုး'
,
'အစုစပ်လုပ်ငန်း'
,
'ဘိန်းဖြူ'
,
'kk'
,
'majjhima'
,
'ရခိုင်ခေါင်းဆောင်'
,
'ပြည်မြို့'
,
'စာချုပ်နမူနာ'
,
'ဝက်'
|
More ...
|
Latest 10 New Arrivals
Book Details
|
- မိထွေးတော် ဂေါတမီနှင့် ဘိက္ခုနီသာသနာ
-
-
Author(s):
အရှင်ပညာဝံသ (မဟာဓမ္မာစရိယ [M.A])
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 368
- Binding: Paperback
- Publication Month Year: 2010
- Size: 21 cm x 13 cm
|
- Description: နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) သာသနတက္ကသီလ မဟာဓမ္မာစရိယတန်းအတွက် စာရေးသူ ဆရာတော် တင်ခဲ့သော ကျမ်းကို စာအုပ်အဖြစ် ပုံနှိပ်ထုတ်ဝေထားခြင်းဖြစ်သည်။ ဘုရားရှင်သည် ဘုရားဖြစ်သို့ ရောက်တော်ပြီးနောက် ၅ ဝါမြောက်ရောက်သောအခါတွင်မှ မိထွေးတော် ဂေါတမီအား ဂရုဓံ ၈ ပါး ဝန်ခံစေခြင်းဖြင့် ဘိက္ခုနီအဖြစ်ကို ခွင့်ပြုတော်မူခဲ့သည်။ ထိုသို့ ဘိက္ခုနီသာသနာ ပေါ်ထွန်းလာရာတွင် ဘုရားရှင်ထံမှ ခွင့်ပြုချက်ကို လွယ်လင့်တကူ ရရှိခဲ့ခြင်းမဟုတ်ဘဲ မိထွေးတော် ဂေါတမီ၏ စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ချက်များနှင့် အရှင်အာနန္ဒာ၏ ပံ့ပိုးကူညီမှုကြောင့်သာ ရရှိလာခဲ့ခြင်း ဖြစ်သည်။ သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ သာသနာနှစ် ၁ဝဝဝ ခန့်တွင် ဘိက္ခုနီသာသနာသည် အကြောင်း အမျိုးမျိုးကြောင့် ကွယ်ပျောက်ခဲ့ရသည်။ ထိုကဲ့သို့ ဘိက္ခုနီသာသနာ ပေါ်ထွန်းလာပုံ၊ ထွန်းကားပြန့်ပွားခဲ့ပုံနှင့် အဘယ်သို့သော် အကြောင်းများကြောင့် ဘိက္ခုနီသာသနာ ပျောက်ကွယ်ရသည်တို့ကို ဆရာတော်က ဤကျမ်းတွင် အသေးစိတ် လေ့လာသုံးသပ် သုတေသနပြု ရေးသားထားသည်။ ဤကျမ်းကို ဖတ်ရှုခြင်းအားဖြင့် အထက်တန်းကျ မြင့်မြတ်သောပုဂ္ဂိုလ်တို့၏ ဘဝရည်မှန်းချက်များနှင့် ဆောင်ရွက်ချက်များကို သဘောပေါက်လာခြင်း၊ မိထွေးတော် ဂေါတမီထေရီ၊ ခေမာထေရီအပါအဝင် ရဟန္တာထေရီမတို့သည် မိန်းမသားများပင် ဖြစ်ကြသော်လည်း နက်နဲသောတရားများကို သိရှိကြ၍ သာသနာအကျိုးကို သယ်ပိုးစွမ်းဆောင်ခဲ့နိုင်ခဲ့သည်တို့ကို အားကျမိစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေမည်ဟု ကျမ်းပြုဆရာတော်က ဆိုထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|