|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
|
- Description: ၁၉၇ဝ ပြည့်နှစ် စက်တင်ဘာလ ၆ ရက်နေ့သည် ကမ္ဘာ့လေကြောင်းသမိုင်းတွင် အထူးခြားဆုံး နေ့တစ်နေ့ပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုနေ့က ပါလက်စတိုင်း ပြောက်ကျားများသည် အုပ်စုလေးခုခွဲ၍ ဂျက်လေယာဉ်ကြီး ၅ စင်းကို တစ်နေ့တည်း တစ်ချိန်တည်း အပိုင်စီးခဲ့ကြသောကြောင့်ဖြစ်သည်။ ထိုပြောက်ကျားအုပ်စုတွင် ဤစာအုပ်၏ အဓိကဇာတ်ကောင် ပြောက်ကျားမယ် လိုင်လာခါလက်သည် တစ်ဦးအနေဖြင့် ပါဝင်ခဲ့သည်။ သူမ ပါဝင်သည့် လေယာဉ်အပိုင်စီးမှုသည် လေယာဉ် အမြင့်ပေနှစ်သောင်းအထက် ပျံသန်းနေခိုက် ဖြစ်ပွားခဲ့ပြီး သူတို့ကိုင်ဆောင်ထားသော လက်ပစ်ဗုံးသည် အကြောင်းကြောင်းကြောင့် မပေါက်ကွဲခဲ့ပေ။ လေယာဉ်ပေါ်၌ ရုန်းရင်းဆန်ခတ်ဖြစ်ပြီးနောက် နောက်ဆုံးတွင် လိုင်လာခါလက်သည် လန်ဒန်ရဲအဖွဲ့၏ ၂၅ ရက်ကြာ ချုပ်နှောင်ဖမ်းဆီးခြင်း ခံခဲ့ရသည်။ ယခုစာအုပ်သည် သူမ၏ ၂၅ ရက်အတွင်းဖြစ်ပျက်ခဲ့သမျှနှင့် သူတို့နှင့်အတူ တစ်ပြိုင်နက် ကျူးလွန်ခဲ့ကြသည့် လေယာဉ်ပြန်ပေးဆွဲမှုအကြောင်းကို အသေးစိတ် မှတ်တမ်းတင်ရေးသားထားခြင်းဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|