|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
- အလံနီကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင် ရဲနီကျော်ဝင်းနှင့် တွေ့ဆုံခြင်း
-
-
Author(s):
ကျော်စွာ
- Type: Myanmar Books
-
Category:
အတ္ထုပ္ပတ္တိ / ကိုယ်တွေ့မှတ်တမ်း
- No of Pages: 116
- Binding: Paperback
- Publication Month Year: Sep-2011
- Size: 12 cm x 20 cm
|
- Description: လွတ်လပ်ရေး ကြိုးပမ်းစဉ်ကာလမှာ ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ လက်တွဲပါဝင်ခဲ့သူ၊ လွတ်လပ်ရေးရပြီး သခင်စိုးနှင့် လက်တွဲ၍ တောခိုခဲ့သူ၊ အလံနီ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင်၊ စစ်သေနာပတိ ရာထူးအဆင့်အထိ အဆင့်မြင့်တာဝန်များကို ထမ်းဆောင်ခဲ့သူ ရဲနီဗိုလ်ချုပ်ကျော်ဝင်းအား Faces Media Groupမှ အမှုဆောင် အယ်ဒီတာ ကိုကျော်စွာက ကိုယ်တိုင်သွားရောက် တွေ့ဆုံကာ သူ၏ မြေပေါ် မြေအောက် တော်လှန်ရေးအတွေ့အကြုံများကို အင်တာဗျူးလုပ် မေးမြန်းထားခြင်းဖြစ်သည်။ သူသည် ဦးနေဝင်းလက်ထက် လမ်းစဉ်ပါတီခေတ်၌ လက်နက်စွန့် အလင်းဝင်ခဲ့သော်လည်း ထိုအချိန်မှစ၍ မည်သည့်ပါတီကိုမှ မဝင်ခဲ့သလို ပုဂ္ဂိုလ်စွဲမပါဘဲ “လူ လူခြင်း ခေါင်းပုံဖြတ် အမြတ်ထုတ်သည့် နယ်ချဲ့ဓနရှင် စနစ်ဆိုးကြီး ကျဆုံးပါစေ၊ ပစ္စည်းမဲ့ လူတန်းစားတစ်ရပ်လုံး အောင်နိုင်ပါစေ”ဆိုသည့် ကြွေးကြော်သံကိုစွဲကာ သူ၏ မိခင်ပါတီ (အလံနီ ကွန်မြူနစ်ပါတီ)အပေါ် ယနေ့ထက်တိုင် သစ္စာရှိနေသေးသူဖြစ်သည်။ ကိုလိုနီခေတ်၌ သခင်စိုးအပါအဝင် အလံနီခေါင်းဆောင်များ၏ လွတ်လပ်ရေး ကြိုးပမ်းမှု၊ ထို့နောက် ကွန်မြူနစ်ပါတီသည် အလံဖြူ အလံနီဟူ၍ အုပ်စုများကွဲခဲ့ပုံ၊ သခင်စိုး၏ အိမ်ထောင်ရေး ဖောက်ပြန်မှု၊ အလံနီ နာမည်ဆိုးဖြင့် ကျော်ကြားခဲ့ရသော ဆင်စွယ်ရွာ လူသတ်မှု အရေးအခင်း (၎င်းအရေးအခင်းတွင် တစ်ရွာလုံးရှိ ရွာသားယောက်ျားများ သတ်ဖြတ်ခြင်း ခံခဲ့ရသည်)၊ ငြိမ်းချမ်းရေးအတွက် စေ့စပ်ဆွေးနွေးခဲ့မှုများ၊ အဘယ်ကြောင့် အလင်းဝင်ခဲ့ပုံ အပါအဝင် လွတ်လပ်ရေး ကြိုးပမ်းမှုကာလနှင့် လွတ်လပ်ရေးရပြီးကာလများ၏ အရေးကြီး ဖြစ်စဉ်များကို စာအုပ်တွင် ဖတ်ရှုလေ့လာကြရမည်ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|