|
Myanmar Books
Publishers
|
|
'ဒေါက်တာရဲမြင့်'
,
'ပေါ်တာ'
,
'လက္ခဏာရေး'
,
'မောင်သော်က'
,
'ပြစ်ချက်ရှာဖွေ'
,
'မင်းကံစီ'
,
'အော်တိုအင်မြူး'
,
'Electronic'
,
'Parajika'
,
'နေရှင်နယ်ဦးအေး'
,
'ရဲတပ်သမိုင်း'
,
'မာလုကျပုတ္တ'
,
'4'
,
'ဗေဒါလမ်း'
,
'မောင်သန်းဆွေ'
,
'မယ်ဝဏ္ဏ'
,
'စိတ်ညှို့'
,
'gloria steinem'
,
'ငါးမန်း'
,
'TRUMP'
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: ပုဂံခေတ်မတိုင်မီ ရှေးခေတ်မြန်မာပြည်အကြောင်း လေ့လာလိုလျှင် ၎င်းခေတ်၏ လက်ရေးလက်သားပညာကို ဖတ်ရှုတတ်ရန် လိုအပ်လှသည်။ ယင်းကာလက ပျူစာ၊ မွန်စာနှင့် ရခိုင်စာတို့ကို ဗြာဟ္မီပွား အက္ခရာဖြင့် ရေးသားထားခဲ့ကြရာ ယင်းစာများကို ဖတ်ရှုနားလည်နိုင်ရန်ဆိုသည်မှာ ဗြာဟ္မီပွား အက္ခရာ ဖတ်တတ်မှသာလျှင် ဖြစ်နိုင်မည်ဖြစ်သည်။ မြန်မာစာသည် ဗြာဟ္မီ အက္ခရာမှ ဆင့်ကဲပေါက်ဖွားလာသော စာဖြစ်သည်။ ထို့ကြောင့် မြန်မာစာဖတ်တတ်သူတစ်ဦးသည် ဗြာဟ္မီပွား အက္ခရာနှင့် ပတ်သက်၍ အနည်းငယ်မှ ဂရုတစိုက် လေ့လာရုံမျှဖြင့် ယင်းဘာသာကို တတ်မြောက်နိုင်သည်ဟု စာရေးသူက ဆိုသည်။ ဗြာဟ္မီပွား အက္ခရာအကြောင်း လေ့လာသူများ အထောက်အကူရရန် ရှစ်ရာစု ရခိုင်ဝေသာလီမင်းဖြစ်သည့် အာနန္ဒစန္ဒြမင်းရေးထိုးထားခဲ့သော ကျောက်စာများပါ ဖော်ပြချက်နှင့် ၎င်းတို့၏ မြန်မာအဓိပ္ပာယ်ကို အထက်တန်းပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ စာရေးသူက ယခုစာအုပ်တွင် ရှင်းလင်းရေးသားဖော်ပြပေးထားသည်။ ကျောက်စာအကြောင်းအရာမှာ အာနန္ဒစန္ဒြမင်း၏ ဘေးတော်၊ ဘိုးတော်မင်းများအကြောင်းနှင့် သူ့အကြောင်းကို ဂါထာစီကုံး မော်ကွန်းတင်ထားခြင်းဖြစ်သည်။ အာနန္ဒစန္ဒြကျောက်စာသည် ဗြာဟ္မီပွားအက္ခရာကို အသုံးပြု၍ သက္ကဋဘာသာဖြင့် ရေးသားထားသော စာဖြစ်သည်။ ရေးထိုးထားသော လက်ရေးသည် အလွန်လှပ သေသပ်သလို စပ်ဆိုထားသော၊ ဖွဲ့နွဲ့ထားသော ဂါထာများသည်လည်း အတုယူလောက်အောင် ကောင်းလှသည်။ ရခိုင်ပြည်နယ်သားများအတွက် အလွန်အဖိုးတန်သော အချက်အလက်များပင်ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|