|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
|
- Description: ဘဝခရီး လျှောက်လှမ်းရာတွင် သိထားသင့်သော အချက်များကို တစ်ပိုင်းချင်းစီ ရှင်းလင်းရေးသားထားသည့် စာအုပ်ဖြစ်သည်။ ဘဝပညာအခန်းတွင် နှစ်ဖက်မြင်ဝါဒ၊ မျှဝေခံစားခြင်း၊ သေးသိမ်မှု၊ အမြတ်ဆုံးနှင့် အယုတ်ဆုံး၊ ဦးနှောက်နှင့် နှလုံးသားအပါအဝင် ခေါင်းစဉ်ပေါင်း ၂၈ ခုပါရှိပြီး၊ အသုံးချစိတ်ပညာတွင် သတ္တိ၊ အတ္တစိတ်ရောဂါ၊ စိတ်ဓာတ်ကျခြင်း၊ ရင့်ကျက်ခြင်းအပါအဝင် ခေါင်းစဉ်ပေါင်း ၁၉ ခုပါဝင်သည်။ “လူ၏ အရည်အသွေးသည် အတွေးအမြင်ပေါ် တည်၏ ဟု ပညာရှင်များက ဆိုကြသည်။ ကိုယ်ရည်ကိုယ်သွေးကို တိုးတက်စေရန် တစ်သက်လုံး ကြိုးပမ်းရသည်မှာ လူပီပီသသအဖြစ်ဖြင့် လူ့လောကမှာ နေလိုသူတိုင်း၏ တာဝန်ဖြစ်သည်။ အတတ်ပညာကို ကျောင်းမှာ သင်ယူနိုင်သည်။ အသိပညာကို ကျောင်းတွင်း, ကျောင်းပြင်မှာ ရယူနိုင်သည်။ မိမိ၏ ဘဝနှင့် လူသားတို့၏ ဖြစ်စဉ်ဖြစ်ရပ်တို့ကို မှီ၍ သုံးသပ်ဝေဖန်မှုပြုသော အတွေးအမြင်သည် ဘဝပညာကို ဖြစ်ထွန်းစေသည်။ ဘဝပညာဆည်းပူးရေး၌ အထောက်အကူပြုဆောင်းပါးများ ပါရှိသည့် ဤဘဝပညာစာအုပ်ကို ဖတ်ရှုလေ့လာသူသည် စာဖတ်ရကျိုးနပ်၍ မိမိဘဝ၌ ထူးခြားသောစိတ် တိုးတက်ကြွယ်ဝမှုရှိရေးအတွက် ကောင်းစွာကြိုးပမ်းနိုင်ပေမည်”ဟု ဆရာတက်တိုးက ဆိုထားသည်။ ကာယ၊ ဉာဏ၊ စိတ္တ ဘက်စုံဖွံ့ဖြိုးအောင် နည်းပြပေးမည့် ဆရာတက်တို၏ စာအုပ်ကောင်း တစ်အုပ်ဖြစ်သည်။
|
|
|
|
|
|
|
|
|