|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
|
- Description: မဟာကဉ္စနာရာမကျောင်းတိုက်ကြီး၏ ပဓာန နာယက သက်တော်ရှည် ကျေးဇူးတော်ရှင် တာဦးဆရာတော် ဘဒ္ဒန္တတေဇိန္ဒမဟာထေရ်မြတ်၏ ဘဝဖြစ်တော်စဉ် စာအုပ်ဖြစ်သည်။ ဘဝတစ်လျှောက် နာမည်ဂုဏ်ကျော်ကြားမှုကို မလိုလား၊ မြတ်ဗုဒ္ဓအလိုကျ ရွက်ပုန်းသီးပမာ နေထိုင်ကျင့်သုံးသွားသော နှစ်ဖက်လှ စွယ်စုံရဟန်းတော်တို့တွင် ထိပ်ဆုံးမှ ပါဝင်သူ ဆရာတော်ကြီးတစ်ပါးဖြစ်သည့် တာဦးဆရာတော် ဘဝဖြစ်စဉ်ကို ဖွားမြင်တော်မူချိန်မှ စတင်ကာ လယ်တီတိုက် စာသင်သားဘဝ၊ လယ်တီဆရာတော်ကြီး၏ တပည့်ရင်းဖြစ်သူ သေက္ချတောင်ဆရာတော်နှင့်အတူ တောတောင်ထဲ၌ တရားအားထုတ်ခဲ့ပုံ၊ အမျိုးဘာသာ သာသနာအတွက် မင်းလောင်း ရှာထွက်ခဲ့ပုံ၊ နယ်ချဲ့ဆန့်ကျင်ရေးအတွက် ရဲရဲတောက် တိုက်ပွဲဝင်ခဲ့သော အာဇာနည် ဦးဥတ္တမ၊ ဦဝိစာရတို့နှင့် မိတ်ဆွေ ဖြစ်ခဲ့ပုံ၊ နောက်ပိုင်းတွင် ကျောင်းကုန်းမြို့၌ ဆရာ ဒကာ လက်တွဲညီညာစွာဖြင့် သာသနာပြုခဲ့ပုံ၊ လောကရေးရာတို့တွင် ရောနှောခြင်း မရှိတော့ဘဲ သီလ၊ သမာဓိ စွမ်းအားများ အသုံးချ၍ လောကနှင့် သာသနာကို ကယ်တင်စောင့်ရှောက်ခဲ့ပုံ၊ သီလ၏ စင်ကြယ်ခြင်း၊ အယူ၏ ဖြောင့်မတ်ခြင်းကို အခြေခံ၍ သမာဓိ၊ ယထာဘူတဉာဏ်၊ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ ပစ္စဝေက္ခဏဉာဏ်တို့၏ ပြည့်စုံခြင်းသို့ ရောက်ရှိခဲ့ပုံနှင့် ဆရာတော်နှင့် ပတ်သက်၍ ကြုံတွေ့ခဲ့ရသည့် ထူးခြားဖြစ်စဉ်များကို အသေးစိတ် မှတ်တမ်းတင်ထားသည်ကို တွေ့ရသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|