|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
- တော်လှန်ရေးကောင်စီခေတ် (၁၉၆၂ - ၇၄)နဲ့ ကျွန်တော်
-
-
Author(s):
ပီကျော်ဟန်
- Type: Myanmar Books
-
Category:
အတ္ထုပ္ပတ္တိ / ကိုယ်တွေ့မှတ်တမ်း
- No of Pages: 460
- Binding: Paperback
- Publication Month Year: Jun-2012
- Size: 17 cm x 24 cm
|
- Description: စာရေးသူ ယခင်ရေးသားခဲ့သည့် “ကျွန်တော်ချစ်သော တပ်မတော်” ပထမတွဲနှင့် ဒုတိယတွဲတို့၏ အခန်းဆက်စာအုပ်ဖြစ်သည်။ စာအုပ်ကို အခန်း ၃၉ ခန်းခွဲထားရာ၌ အခန်း ၁, ၂, ၃ တို့တွင် တော်လှန်ရေးကောင်စီ ပေါ်ပေါက်လာပုံ၊ တော်လှန်ရေးကောင်စီ ပေါ်ပေါက်ဖွဲ့စည်းပြီးနောက် ကျင့်သုံးခဲ့သော နိုင်ငံခြားရေးဝါဒနှင့် နိုင်ငံတကာ ဆက်ဆံရေးတို့ကိုလည်းကောင်း၊ အခန်း ၄ နှင့် ၅ တို့တွင် ဗိုလ်မှူးကြီး အယ်လ်ခွန်နောင်အပါအဝင် စာရေးသူ သိကျွမ်းခဲ့ရသော တပ်မတော် ခေါင်းဆောင်ကြီးများ အကြောင်း၊ အခန်း ၅ တွင် ခေတ်ပြောင်းတော်လှန်ရေးပြုလုပ်ချိန်၌ အကျင့်ပျက်သော ဝန်ထမ်းများကြောင့် အောက်ခြေပြည်သူများနှင့် နိုင်ငံတော် ဆုံးရှုံးနစ်နာခဲ့ပုံများကိုလည်းကောင်း၊ အခန်း ၆ တွင် လမ်းစဉ်ပါတီ ဖွဲ့စည်းခါစ အခြေအနေနှင့် လမ်းစဉ်ပါတီအပေါ် အခြားသူများ၏ အမြင်များကိုလည်းကောင်း၊ အခန်း ၇ တွင် တော်လှန်ရေးကောင်စီမတိုင်မှ ၂ဝ ရာစုနှစ်ဦးကာလက တက္ကသိုလ်ကျောင်းသားများ၏ နိုင်ငံရေးလှုပ်ရှားမှုများကိုလည်းကောင်း၊ အခန်း ၈ နှင့် ၉ တို့တွင် တော်လှန်ရေးအစိုးရနှင့် တက္ကသိုလ်ကျောင်းသားကျောင်းသူများ နိုင်ငံရေး အတွေးအခေါ်၊ အယူအဆ သဘောထား ကွဲလွဲတင်းမာခဲ့ကြပုံများကိုလည်းကောင်း၊ အခန်း ၁ဝ, ၁၁ တွင် စာရေးသူဦးဆောင်ပြီး ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရေးဆွဲသော ရမည်းသင်းခရိုင် နှစ်တို နှစ်ရှည် နှစ် ၂ဝ စီမံကိန်းအကြောင်းကိုလည်းကောင်း၊ အခန်း ၁၁ တွင် တော်လှန်ရေးကောင်စီခေတ်၌ စာရေးသူ တွေ့ကြုံခဲ့ရသော အမှတ်မထင် ထူးခြားဆန်းကြယ် ကံတရား ဖြစ်စဉ်များကို လည်းကောင်း၊ အခန်း ၁၂, ၁၃ တွင် တော်လှန်ရေးကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေး ရရှိစေရန် ကြိုးပမ်းမှုများကိုလည်းကောင်း၊ အခန်း ၁၄, ၁၅, ၁၆ တို့တွင် စာရေးသူ တာဝန်ထမ်းဆောင်ခဲ့သော ခလရ ၁၇၊ သနက ၅အကြောင်းတို့ကိုလည်းကောင်း၊ အခန်း ၁၇ တွင် တော်လှန်ရေးကောင်စီ တာဝန်ယူပြီးနောက် စီးပွားရေးအခြေမခိုင်မှုများကြောင့် စီးပွားရေး ကျဆင်းခဲ့ပုံများကိုလည်းကောင်း၊ အခန်း ၁၈, ၁၉, ၂ဝ တွင် စာရေးသူ အမှတ် ၅ ဗမာ့သေနတ်ကိုင်တပ်ရင်း၌ ခေတ္တတပ်ရင်းမှုးအဖြစ် တာဝန်ထမ်းဆောင်စဉ် တွေ့ကြုံခဲ့ရသော တိုက်ပွဲများအကြောင်းကိုလည်းကောင်း၊ အခန်း ၂ဝ တွင် ကြိမ်ငူကြီးအင်းတိုက်ပွဲအကြောင်းကိုလည်းကောင်း၊ အခန်း ၂၁ နှင့် ၂၂ တို့တွင် တပ်တွင်းပညာပေးသင်တန်း တက်ရောက်စဉ်က အတွေ့အကြုံများကိုလည်းကောင်း၊ အခန်း ၂၃ ၂၄ ၂၅တွင် ခလရ ၅၅ ၌ စာရေးသူ တာဝန်ထမ်းဆောင်စဉ်က အတွေ့အကြုံများကိုလည်းကောင်း၊ အခန်း ၂၆, ၂၇, ၂၈ တို့တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြသော ပုဂ္ဂိုလ် ၃ ဦးအကြောင်းကိုလည်းကောင်း၊ အခန်း ၂၉ တွင် စာရေးသူ ငပလီ၌ တာဝန်ထမ်းဆောင်စဉ်က နိုင်ငံတော် ဧည့်သည်များကို ဧည့်ခံစောင့်ရှောက်ခဲ့ရသည့် အတွေ့အကြုံများကိုလည်းကောင်း၊ အခန်း ၃၁ တွင် တော်လှန်ရေးကောင်စီ ဖွဲ့စည်းခဲ့သော ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့အကြောင်းကို လည်းကောင်း၊ အခန်း ၃၂, ၃၃, ၃၄, ၃၅ တို့တွင် မြစ်ကြီးနား၌ စာရေးသူ တာဝန်ထမ်းဆောင်ခဲ့ပုံများကိုလည်းကောင်း၊ အခန်း ၃၇ တွင် ရခိုင်ပြည်နယ်၌ တာဝန်ထမ်းဆောင်စဉ်က အတွေ့အကြုံများကိုလည်းကောင်း၊ အခန်း ၃၉ တွင် တော်လှန်ရေးကောင်စီ ချုပ်ငြိမ်းပြီး ပြည်သူ့ကောင်စီပေါ်ပေါက်လာပုံများကိုလည်းကောင်း အသေးစိတ် မှတ်တမ်းတင် ရေးသားထားသည်။ စာရေးသူက “နောင်တစ်ခေတ် မျိုးဆက်သစ်တို့ သင်ခန်းစာအဖြစ် ဆင်ခြင်သုံးသပ်ပါက အမှိုက်ထဲက ရွှေဖြစ်သကဲ့သို့ အဆိုးထဲမှ အကောင်းဖြစ်လာမည် ထင်ပါသည်”ဟု ဆိုထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|