|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: ၂ဝ ရာစု မြန်မာစာပေသမိုင်းနှင့် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် ထင်ရှားသော အမျိုးသားစာဆို သခင်ကိုယ်တော်မှိုင်း ရေးသားစပ်ဆိုခဲ့သည့် လေးချိုးများကို တစ်စုတစ်စည်းတည်း ဖတ်ရှုလေ့လာကြရမည့် စာအုပ်ဖြစ်သည်။ သခင်ကိုယ်တော်မှိုင်းရေးသားသည့် “လေးချိုးပေါင်းချုပ် (ပထမတွဲ)”ပါ လေးချိုး ၁ဝ၃ ပုဒ်၊ “ခွေးဋီကာ” စာအုပ်ပါ ၅ ပုဒ်၊ “ဗိုလ်ဋီကာ” စာအုပ်ပါ ၁၅ ပုဒ်၊ ဆရာမောင်တင်ရွှေ စုစည်းပြီး ဆရာမင်းသုဝဏ် တည်းဖြတ်သည့် “သခင်ကိုယ်တော်မှိုင်း လက်ရွေးစင် လေးချိုး ၁ဝဝ”စာအုပ်မှ ၄၈ ပုဒ်တို့ကို စုစည်းကာ စာအုပ်အဖြစ်ထုတ်ဝေထားခြင်းဖြစ်သည်။ စာအုပ်ပါ စုစုပေါင်းလေးချိုးအရေအတွက်မှာ ၁၇၁ ပုဒ်ဖြစ်သည်။ ဆရာဇော်ဂျီက ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ လေးချိုးများကို သုံးသပ်ထားရာ၌ “ဆရာကြီး၏ ကဗျာများသည် ပျော်ရရုံ လွမ်းရရုံ ကာရန်အလှအပသက်သက် မဟုတ်။ မြန်မာနိုင်ငံနှင့် တိုင်းသူပြည်သားတို့အတွက် ထက်မြက်သော အကျိုးပြုစုများ ဖြစ်ပါသည်။ လွတ်လပ်ရေးရကြသည်အထိ တိုင်းပြည်ကို ကျေးဇူးပြုခဲ့ပြီဟု ဆိုချင်ပါသည်။”ဟု အမွှမ်းတင် ချီးကျူးထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|